ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ပြည်ထောင်စု နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီများနှင့် ပထမဆုံး အကြိမ် မျက်နှာ စုံညီ အစည်းအဝေးအား ယနေ့ဒီဇင်ဘာ ၂၁ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ဒူဘိုင်း၊ ဒီဇင်ဘာ ၂၁ရက် (ဆင်ဟွာ) အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ရှေးဦးအာရပ် တို့၏ သိမ်းငှက်ဖြင့် အမဲလိုက်သည့် ရိုးရာဓလေ့များ၊ စည်းမျဉ်းများ နှင့် ကျင့်ဝတ်များကို သင်ကြားပေးမည့် ကမ္ဘာ့ပထမဆုံး သင်တန်းအား ဒီဇင်ဘာ ၂၀ရက်တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း ယူအေအီးနိုင်ငံပိုင် သတင်းဋ္ဌာန WAM က ဖော်ပြခဲ့သည်။
လီမာ၊ ဒီဇင်ဘာ ၂၁ရက် (ဆင်ဟွာ) ပီရူးနိုင်ငံ Andes တောင်တန်းများ အနီးတွင် ဒီဇင်ဘာ ၂၀ရက် နံနက်ပိုင်း က ဖြစ်ပွားခဲ့သည့် ဘတ်စ်ကား မတော်တဆမှုကြောင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၂ဦးသေဆုံးကြောင်း ပီရူးနိုင်ငံ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။
ပေကျင်း ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာ Zhang Yimou ရိုက်ကူးသော မဟာတံတိုင်းကြီး “ The Great Wall ” ရုပ်ရှင်ဇာတ်ကားသည် ယခုရက်သတ္တပတ် ရုံတင်ရက် ကုန်ဆုံးသော ဒီဇင်ဘာလ ၁၈ ရက်အထိ ကြည့်ရှု...
ဂျေရုဆလင်၊ ဒီဇင်ဘာ ၂၁ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ ပါလီမန် က အစ္စရေးအကျဉ်းထောင်များတွင် လုံခြုံရေးဆိုင်ရာပြစ်မှုဖြင့် ထိန်းသိမ်းခံထားရသည့် ပါလက်စတိုင်းအကျဉ်းသားများထံသို့ လွှတ်တော်အမတ်များလာရောက်တွေ့ဆုံခြင်းကို ဒီဇင်ဘာ ၂၀ရက်က တားမြစ်ခဲ့ကြောင်း သိရသည်။