Connect with us

Asia

အီရတ်နိုင်ငံမြောက်ပိုင်းတွင် တူရကီဂျက်လေယာဉ်များ၏ တိုက်ခိုက်မှုကြောင့် PKK စစ်သွေးကြွ ၃၅ဦးသေဆုံး

တူရကီစစ်တပ်၏ တိုက်လေယာဉ်တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ စစ်တပ်က အီရတ်နိုင်ငံမြောက်ပိုင်း တွင် ကာဒစ်စတန် အလုပ်သမားများပါတီ (PKK) စစ်သွေးကြွ ၃၅ဦးကို ဂျက်လေယာဉ်များဖြင့် ပစ်သတ်နိုင်ခဲ့ကြောင်း ဇွန် ၁၇ ရက်တွင်ပြောကြားခဲ့သည်။

တူရကီ တိုက်ဂျက်လေယာဉ်များသည် ဇွန် ၁၅ ရက်တွင် အီရတ်နိုင်ငံ မြောက်ပိုင်း Qandil တောင်တန်းများရှိ စစ်သွေးကြွများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း တူရကီစစ်ဦးစီးချုပ်က ထုတ်ပြန်ချက်တစ်ခုတွင်ပြောကြားခဲ့သည်။တူရကီနိုင်ငံ သမ္မတ ရီဆတ် တေယစ် အာဒိုဂန် (Recep Tayyip Erdogan) က တူရကီစစ်တပ်သည် Qandil ဒေသရှိ PKK အုပ်စု စုဝေးရာနေရာကို အသေအချာ တိုက်ခိုက်နိုင်ခဲ့ကြောင်း ဇွန် ၁၆ ရက်တွင်ပြောကြားခဲ့သည်။

အာဒိုဂန်က တူရကီသည် Qandil နှင့် Sinjar ဒေသများတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း ဇွန် ၁၁ရက်ကပြောကြားခဲ့သည်။အီရတ်နိုင်ငံ Erbil ပြည်နယ် နှင့် ထိစပ်နေသော တူရကီနယ်စပ် ၏ အရှေ့တောင်ဘက် ၄၀ကီလိုမီတာခန့်တွင် တည်ရှိသော တောင်တန်းများအား PKK နှင့် အီရန်အဆက်အနွယ် ကာဒစ်စတန်လွတ်မြောက်ရေးဘဝပါတီ တို့က ရုံးချုပ်များအဖြစ်အသုံးပြုလျက်ရှိကြောင်း သိရသည်။ (Xinhua)