Connect with us

Social

ဒဂုံ မြို့သစ် ၄ မြို့နယ်ရှိ လမ်းများကို စီမံချက်ဖြင့် ပြုပြင်ပြီး မီနီဘတ်စ် ယာဉ်လိုင်းများ ပြေးဆွဲပေးမည်

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးအား တွေ့ ရစဉ်(ဓာတ်ပုံ-Yangon Region Government)

ရန်ကုန် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)

ဒဂုံမြို့သစ်(၄)မြို့နယ်ရှိ လမ်းများကို စီမံချက်ဖြင့် ပြုပြင်၍ မီနီဘတ်စ် ယာဉ်လိုင်းများ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ လျှပ်စစ် ၊ စက်မှု ၊ လက်မှု နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါ်နီလာကျော်က ယနေ့ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြောကြားခဲ့သည်။

“ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းနဲ့ ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ်များ အတွင်း မြို့နယ်ချင်းချိတ်ဆက်ပြီးတော့ ပြေးဆွဲမယ့် ယာဉ်လိုင်းများကို စီစဉ်ဆောင်ရွက်သွားဖို့ စီစဉ် နေပါတယ်။ စီစဉ်ရာမှာလည်း မြို့နယ်အတွင်း ချိတ်ဆက်တဲ့လိုင်းတွေဟာ လမ်းတွေရဲ့ အနေအထားအရ မီနီဘတ်စ် လိုင်းတွေ ဖြစ်ရမှာ ဖြစ်တဲ့အတွက် မီနီဘတ်စ် ယာဉ်လိုင်းများနဲ့လည်း ညှိနှိုင်းနေပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ ပြေးဆွဲနိုင်ရေးမှာလည်း ဒီဒဂုံမြို့သစ်(၄)မြို့နယ်က လမ်းတွေကို ကျွန်မတို့အနေနဲ့ စီမံချက်ဖြင့် ပြုပြင်ပြီး ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။”ဟု ဝန်ကြီး ဒေါ်နီလာကျော်က လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ၏ မေးခွန်းအား ပြန်လည် ဖြေကြားခဲ့သည်။

ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် မြို့နယ်အတွင်း ဖြတ်သန်းပြီး စတင်ပြေးဆွဲသည့် ယာဉ်လိုင်းပေါင်း (၁၇)လိုင်း ရှိပြီး အဆိုပါ (၁၇)လိုင်းမှာ ရွှေတိဂုံအထိ ပြေးဆွဲသည့် အမှတ်(၈)ယာဉ်လိုင်း၊ တာမွေမြို့နယ်အထိ ပြေးဆွဲသည့် အမှတ်(၉) ယာဉ်လိုင်း၊ အလုံ၊ဆူလေ၊လမ်း(၅၀)၊သိမ်ဖြူ စသည့်နေရာများသို့ ပြေးဆွဲသည့် ယာဉ်လိုင်းများဖြစ်ပြီး လက်ရှိတွင် မြို့တွင်းအထိ ပတ်သော ယာဉ်လိုင်းနှင့် မြို့နယ်အတွင်းအထိ ပတ်သော ယာဉ်လိုင်းများ မရှိသေးကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117