နယူးဒေလီ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Himachal Pradesh ပြည်နယ် တွင် ဇူလိုင် ၂၀ ရက်က ဘတ်စ်ကား တစ်စီး မတော်တဆမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၀ဦးသေဆုံးခဲ့ကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက ဇူလိုင် ၂၀ ရက်တွင်ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် မတူကွဲပြားမှုများကို ထိပ်တိုက်ရင်ဆိုင်နေမည့်အစား ပူးပေါင်းဆောင်ရွက်ရန်အတွက် တရုတ် ဒုတိယ ဝန်ကြီးချုပ် ဝမ်ယန် (Wang Yang) က ဇူလိုင်လ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
မောန်တီဗီဒေးယိုး၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ဥရုဂွေးနိုင်ငံတွင် ဆေးခြောက် တရားမဝင်သုံးစွဲမှု နှင့် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုတို့ကို တိုက်ဖျက်ရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ယခင်က တရားမဝင် ဖြစ်ခဲ့ဖူးသော ဆေးခြောက်များကို ဇူလိုင် ၁၉ရက်တွင် ဆေးဆိုင် ၁၆ဆိုင်၌ တရားဝင် ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) မွန်ပြည်နယ်ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအုပ်စု ကိုးမိုင်-ပေါက်ပင်ကွင်းရထားလမ်းပိုင်းမိုင်တိုင် ၂၈၁/၂၂-၂၃ အကြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြိုမှု ဖြစ်ပွားခဲ့ရာ ရထားသံလမ်းပေါ်သို့ အလျား(၂၁) ပေ ၊ အမြင့်(၆)ပေခန့် မြေကြီးများ ဖုံးလွှမ်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ဒမက်စကက်စ် ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန ၏ သတင်းဖော်ပြချက်အရ ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့သည် ဇူလိုင်လ ၁၉ ရက်နေ့၌ Raqqa ပြည်နယ် တောင်ပိုင်း တွင် IS အစွန်းရောက် အဖွဲ့အစည်း ကို...