Connect with us

Education & Health

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၃၂.၈၂ ရာခိုင်နှုန်းရှိ


ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ပေါင်း ၁၇၂၇ ခုကျင်းပခဲ့ရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၂.၈၂ ရာခိုင်နှုန်း ရှိကြောင်း ပညာရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက် အရသိရသည်။

၂၀၁၈ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အားတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူ ၇၈၉,၈၄၅ ဦးဖြေဆိုခဲ့ပြီး ဖြေဆိုသူများထဲမှ ၂၅၉,၁၉၁ ဦးအောင်မြင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ နိုင်ငံခြားမှ ဖြေဆိုသည့်ကျောင်းသား၊ ကျောင်းသူ များအတွက် စာစစ်ဌာန ၂၀ တွင် ဖြေဆိုသူ ၁၄၅ ယောက်တွင် ၆၅ ဦးအောင်မြင်ခဲ့သည်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကြည့်ရှုနေကြသည့် သူများအားတွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြည်နယ် နှင့် တိုင်းဒေသကြီးအလိုက် အောင်ချက် နှင့် ဂုဏ်ထူးဦးရေ ပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ–ပညာရေးဝန်ကြီးဌာန)

ယခုနှစ်တွင် ၁ဘာသာဂုဏ်ထူးရရှိသူ ၅၀,၃၁၈ ဦး၊ ၂ဘာသာဂုဏ်ထူးရရှိသူ ၁၂,၀၅၄ ဦး၊ ၃ဘာသာဂုဏ်ထူးရရှိသူ ၆၇၉၅ဦး၊ ၄ဘာသာဂုဏ်ထူးရရှိသူ ၃၈၉၀ ဦး၊ ၅ဘာသာဂုဏ်ထူးရရှိသူ ၁၉၈၃ ဦး၊ ၆ဘာသာ ဂုစ်ထူးရရှိသူ ၇၁၆ ဦး ရှိခဲ့သည်။

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာနပေါင်း ၁၅၉၄ ခုတွင် ဖြေဆိုသူဦးရေ ၇၁၆,၁၈၈ ဦး ရှိခဲ့ပြီး၊ အောင်မြင်သူဦးရေ ၂၄၂,၇၃၆ ဦးရှိခဲ့ကာ အောင်ချက်ရာခိုင်နှုန်း ၃၃.၈၉ ရာခိုင်နှုန်းရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.