Connect with us

Latin America

မက္ကဆီကို အလယ်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင် ၆ဦး ပစ်သတ်ခံရ

မက္ကဆီကို နိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကို စီးတီး၊ ဇွန် ၂ ရက် (ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ အလယ်ပိုင်း Guanajuato ပြည်နယ် ရှိ Salamanca မြို့ တွင် မေ ၁ရက် က ရဲတပ်ဖွဲ့ဝင် ၆ဦးအား လက်နက်ကိုင်များက ပစ်သတ်ခဲ့ကြောင်း ဒေသခံအာဏာပိုင်များကပြောကြားခဲ့သည်

Guanajuato ပြည်နယ် အစိုးရရှေ့နေချုပ်ရုံး က မြို့၏ အရှေ့တောင်ဘက်တွင် ရဲတပ်ဖွဲ့ဝင်များက တာဝန်အရ ကင်းလှည့်နေစဉ် သေနတ်သမားများက ကုန်တင်ကားတစ်စီးအတွင်းမှနေ၍ သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ဝင် ၅ဦးမှာ အခင်းဖြစ်ပွားရာ၌ပင် သေဆုံးသွားခဲ့ပြီး ကျန်တစ်ဦးမှာ ဒဏ်ရာပြင်းထန်သောကြောင့် ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်အရသိရသည်။

သေနတ်သမားများ နှင့် ၎င်းတို့မောင်းနှင်လာသော မော်တော်ယာဉ်အား ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

ဒေသခံရဲအရာရှိတစ်ဦးဖြစ်သူ Guillermo Maldonado က အများပြည်သူ လုံခြုံရေးတာဝန် မဟုတ်ဘဲ လမ်းစည်းကမ်း ထိန်းသိမ်းရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များသည် လက်နက်ကိုင်ဆောင်ထားခြင်းမရှိကြောင်း Correo သတင်းစာသို့ပြောကြားခဲ့သည်။

လွန်ခဲ့သည့် နှစ်ကစ၍ Guanajuato ပြည်နယ် တွင် အကြမ်းဖက်မှုများ အဆက်မပြတ်ဖြစ်ပွားလာပြီး ယင်းအကြမ်းဖက်မှုများသည် မူးယစ်ဆေးဝါးရောင်းဝယ်မှု နှင့် ပိုက်လိုင်းများမှ ခိုးယူထားသောလောင်စာဆီများ ရောင်းချမှုကို ထိန်းချုပ်ရန် ရာဇဝတ်ဂိုဏ်းများအချင်းချင်း တိုက်ခိုက်ရာမှ ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံအစိုးရက ပြစ်တင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.