Connect with us

Asia

မလေးရှား နိုင်ငံ ရဲတပ်ဖွဲ့ က အကြမ်းဖက် လှုပ်ရှားမှု များတွင် ပါဝင်သည် ဟု သံသယ ရှိသူ ၁၅ ဦး အား ဖမ်းဆီး

မလေးရှား နိုင်ငံ ရဲတပ်ဖွဲ့ ရဲမှူး Mohamad Fuzi အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ ၊ ဇွန် ၂ ရက် (ဆင်ဟွာ)

မလေးရှား နိုင်ငံ ရဲတပ်ဖွဲ့ က လတ်တလော ကာလ အတွင်း ဆောင်ရွက်ခဲ့သည့် အကြမ်းဖက်နှိမ်နင်းရေး လှုပ်ရှားမှု အတွင်း သံသယ ရှိသူ ၁၅ ဦး အား ဖမ်းဆီး ခဲ့ပြီး အများစု မှာ နိုင်ငံခြားသား များဖြစ်ကြောင်း ဇွန်လ ၁ ရက်နေ့ ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

မလေးရှား နိုင်ငံ ရဲတပ်ဖွဲ့ ရဲမှူး Mohamad Fuzi က ထုတ်ပြန်ကြေညာချက်တွင် ဖမ်းဆီး ခံရသည့် သံသယ ရှိသူ များကို မတ်လ ၂၇ မှ မေလ ၉ ရက်နေ့ အတွင်း မလေးရှား နိုင်ငံ ဒေသ အသီးသီး တွင်ဖမ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း ၊ ဖမ်းဆီး ခံရသူများ အတွင်း အချို့မှာ မလေးရှား နိုင်ငံ ရွေးကောက်ပွဲ ကာလ အတွင်း အကြမ်းဖက် တိုက်ခိုက်မှု ပြုလုပ်ရန် စီစဉ်နေသူများ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Mohamad Fuzi က ဖမ်းဆီးခံရသူ များအတွင်း ၆ ဦး မှာ ဖိလစ်ပိုင် နိုင်ငံသားများ ဖြစ်ကြပြီး ၎င်းတို့သည် ဖိလစ်ပိုင် လက်နက်ကိုင် အဖွဲ့အစည်း အတွက် လက်နက်များ စုဆောင်းပေးသည် ဟု စွတ်စွဲခံရသူ များ ဖြစ်ကြကြောင်း ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တစ်ဦး မှာ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်း အတွက် စစ်လက်နက်များ မှောင်ခိုမှု ဆောင်ရွက်ပေးခြင်းကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၃ ခုနှစ် မှ စတင်၍ မလေးရှား နိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ရာနှင့်ချီသော အကြမ်းဖက် သမား များကို ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.