ပေကျင်း ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ ငလျင်ဒဏ် ပြန်လည်ထူထောင်ရေး အတွက် လိုအပ်သောအကူအညီများကို တရုတ်နိုင်ငံက ထောက်ပံ့ပေးသွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သြဂုတ်လ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
နေပြည်တော်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ဖြစ်ပေါ်လာမည့် ပြည်ထောင်စု အစိုးရ အပ်ငွေစာရင်း၏ လိုငွေအနက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနက ခန့်မှန်း လျာထားချက်အတိုင်း ကျပ် ၁,၂၃၆ ဘီလီယံကို ဗဟိုဘဏ်၏ ချေးငွေဖြင့် ဖြည့်ဆည်း သွားမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်...
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ၂၁ရာစု ပင်လုံညီလာခံသို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)အဖွဲ့ဝင်များ အားလုံး အတူတကွ ပါဝင်တက်ရောက်မည်ဟု ယနေ့ သြဂုတ် ၂၅ ရက်နေ့တွင် အဆိုပါအဖွဲ့မှ သဘောထား ထုတ်ပြန်လိုက်သည်။
ပေကျင်း၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) လာနီညာ ရာသီဥတု ဖြစ်စဉ်သည် မြေပြင်နှင့် ပင်လယ်အတွင်း မုန်တိုင်းများ ဖြစ်ပေါ်စေသောကြောင့် ဆောင်း ဦးကာလ၌ တိုင်ဖုန်း မုန်တိုင်းများ တိုက်ခတ်လိမ့်မည်ဟု ခန့်မှန်းထားကြောင်း အမျိုးသား ပင်လယ်ရေကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကြိုတင်ခန့်မှန်းရေး စင်တာ (NMEFC) က သြဂုတ်လ...
အမ်းထရစ္စ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)အီတလီနိုင်ငံ အလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် သြဂုတ်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းအထိ ရရှိထားသော သတင်းများအရ သေဆုံးသူ အရေအတွက်မှာ ၂၄၇ ဦးအထိ ရှိလာကြောင်းနှင့် ကယ်ဆယ်ရေးသမားများလည်း ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သိရသည်။ဒဏ်ရာရရှိသူ...