Connect with us

Politics

ကချင် ပြည်နယ် အတွင်း ရှိ နေရပ် စွန့်ခွာ ဒုက္ခသည် များ ၏ စားဝတ်နေရေး အတွက် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ ထောက်ပံ့လှူဒါန်းငွေ ပေးအပ်


ရန်ကုန် ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

ကချင် ပြည်နယ် အတွင်း ရှိ နေရပ် စွန့်ခွာ ဒုက္ခသည် များ ၏ စားဝတ်နေရေး အတွက် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ ထောက်ပံ့လှူဒါန်းငွေ ပေးအပ်ခြင်း အခမ်းအနား ကို ဇွန် လ ၁ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား သို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ၊ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော် ၊ အတွင်းရေးမှူး ဦးခင်ဇော်ဦး ၊ သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ ၊ အဖွဲ့ဝင် များနှင့် ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးများ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ် များ တက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ထံသို့ လှူဒါန်းငွေ ပေးအပ်စဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က လှူဒါန်း ရခြင်း နှင့် ပတ်သက်၍ အဖွင့် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း က ကျေးဇူးတင် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

ကချင် ပြည်နယ် အတွင်း ရှိ နေရပ် စွန့်ခွာ ဒုက္ခသည် များ အတွက် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ ထောက်ပံ့လှူဒါန်းငွေ ပေးအပ်ခြင်း အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က လှူဒါန်း ရခြင်း နှင့် ပတ်သက်၍ အဖွင့် အမှာစကား ပြောကြား ရာတွင် လတ်တလော ကာလ အတွင်း ကချင်ပြည်နယ် အတွင်း ၌ ပစ်ခတ်မှုများ ဖြစ်ပွား ခဲ့ခြင်းကြောင်း ရွာသူ/သား အချို့ နေရပ်စွန့်ခွာ တိမ်းရှောင် ခဲ့ရသည့် အတွက် ဝမ်းနည်းမိကြောင်း ၊ ကချင် ပြည်နယ် အတွင်းရှိ နေရပ်စွန့်ခွာ ဒုက္ခသည် များ၏ စားဝတ်နေရေး အတွက် အထောက်အကူ ပြုစေရန် ငြိမ်းချမ်းရေး ကော်မရှင် ထံသို့ လှူဒါန်းငွေ ပေးအပ်ခြင်း ဖြစ်ကြောင်း ၊ ရှေ့ဆက်၍ လည်း တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ အစိုးရ ၏ ဆန္ဒ အလျှောက် ကူညီမှုများ ကို ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ ပစ်ခတ်တိုက်ခိုက်မှုများသည် အမုန်းတရား များကို သာ တိုးပွား လာစေမည် ဖြစ်သောကြောင့် တွေ့ဆုံညှိနှိုင်းမှု ဆောင်ရွက်ခြင်း ကသာ မြန်မာ နိုင်ငံ တိုင်းရင်းသား ပြန်လည် သင့်မြတ်ရေး နှင့် ထာဝရငြိမ်းချမ်းရေး ကို ရရှိစေမည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ မြောက်ပိုင်း ဒေသတွင် ဖြစ်ပွား သည့် ပစ်ခတ်တိုက်ခိုက်မှု များက မြန်မာ နိုင်ငံ တည်ငြိမ်အေးချမ်းရေး အား ထိခိုက်စေသည့် အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်းအေးချမ်းမှု ကိုလည်း ဆိုးရွားစွာ ထိခိုက်မှု ဖြစ်စေခဲ့ကြောင်း ၊ ထို့ကြောင့် မြန်မာ နိုင်ငံ ထာဝရငြိမ်းချမ်းရေး ရရှိရန် လုပ်ငန်းစဉ် သည် နှစ်နိုင်ငံ ၏ တူညီသည့် ရည်ရွယ်ချက် တစ်ခု ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ် အတွက် အထောက်အကူ ဖြစ်စေမည့် ကိစ္စရပ် များတွင် တရုတ် နိုင်ငံ အစိုးရ နှင့် တရုတ် နိုင်ငံ သံရုံး တို့ က တတ်နိုင်သမျှ ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ပြီး တရုတ် နိုင်ငံ အစိုးရ အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ ကို ခိုင်မြဲစွာ ထောက်ခံ ပြီး အောင်မြင်မှု ရရှိရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း က ကျေးဇူးတင် အမှာစကား ပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ သည် အိမ်နီးချင်း နိုင်ငံများ သာမက သမိုင်းတစ်လျှောက် ကောင်းမွန်သည့် ချစ်ကြည်ဆက်ဆံရေး တည်ရှိခဲ့ကြောင်း ၊ မိတ်ဆွေကောင်း တို့၏ ကျင့်ဝတ်ဓလေ့ အရ လိုအပ်ချိန်တွင် ကူညီမှုများ ကို ဆောင်ရွက်ပေးလေ့ရှိပြီး ယခု လာရောက်လှူဒါန်းသည့် လှူဒါန်းငွေ များသည်လည်း အမှန်တကယ် လိုအပ်ချိန်တွင် လာရောက် လှူဒါန်း ခဲ့ခြင်း ဖြစ်ကြောင်း ၊ ကမ္ဘာပေါ်ရှိ လူသား အားလုံး အတွက် ငြိမ်းချမ်းရေး သည် မရှိမဖြစ် လိုအပ်ကြပြီး မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး ရရှိရန် အတွက် တရုတ် နိုင်ငံ က များစွာ သော အထောက်အကူများ ကို ဆောင်ရွက်ပေး ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး အတွက် တရုတ် နိုင်ငံ မှ ကိုယ်ရောစိတ်ပါ ထဲထဲဝင်ဝင် ဆောင်ရွက်ပေးသည့် အတွက် ကျေးဇူးတင်ကြောင်း ၊ တရုတ် နိုင်ငံ သံရုံး အနေဖြင့် ယခုကဲ့သို့ လာရောက် လှူဒါန်း ပေးသည့် အတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ထံသို့ လှူဒါန်းငွေ ငွေကျပ် သိန်းလေးရာ အား လွှဲပြောင်း ပေးအပ် ခဲ့ပြီး စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနား ပြီးဆုံးကြောင်း ကြေညာခဲ့ပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.