Connect with us

Europe

တူရကီတွင် IS ဟု သံသယရှိသူ ၃၆ဦးကို ဖမ်းဆီး

တူရကီနိုင်ငံမှ အထူးတပ်ဖွဲ့ဝင်တစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ တွင် မေ ၃၁ ရက် က IS စစ်သွေးကြွအဖွဲ့ နှင့် ဆက်စပ်နေသည်ဟု သံသယရှိသူ အနည်းဆုံး ၃၆ဦး ကို ဖမ်းဆီးခဲ့ကြောင်း Anadolu သတင်းဌာနက ဖော်ပြခဲ့သည်။

တရားခံ စုစုပေါင်း ၂၀ဦး တွင် တူရကီနိုင်ငံသားများ၊ အီရတ်နိုင်ငံသားများ နှင့် ဆီးရီးယားနိုင်ငံသားများ ပါဝင်ပြီး ၎င်းတို့အား အနောက်မြောက်ပိုင်း ဆာကာရာပြည်နယ် တပ်ဖွဲ့ဝင်များ က ပြုလုပ်ခဲ့သည့် စစ်ဆင်မှု၌ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းစစ်ဆင်မှုများအား ပြည်နယ် ၁၁ခုတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ထောက်လှမ်းရေးနှင့် အထူးတပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

တရားခံများအား IS အကြီးတန်းအဖွဲ့များဖြစ်မှု၊ စစ်သွေးကြွအဖွဲ့အတွက် လူစုဆောင်းမှု နှင့် ငွေကြေးထောက်ပံ့မှုတို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

အခြား တရားခံ ၁၆ဦးကို ကလေးငယ်များအား တရားမဝင် ကျောင်းပြင်ပ စာသင်ကြားပြီး IS အဖွဲ့အား ထောက်ပံ့နေမှုဖြင့် မြို့တော် အန်ကာရာမြို့ ရှိ Etimesgut ခရိုင်တွင် မေ ၃၁ရက်က ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က တူရကီနိုင်ငံသည် IS အကြမ်းဖက်အဖွဲ့အစည်းကို တိုက်ခိုက်ချေမှုန်းရန် နိုင်ငံ၏စွမ်းဆောင်ရည်အကုန်လုံးကို အသုံးချသွားမည်ဖြစ်ကြောင်း၊ အခြားနိုင်ငံများ နှင့် ပူးပေါင်းကာ ၎င်း၏ လုပ်ဆောင်ချက်များကို ပိုမိုအားကောင်းလာအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မေ ၁၁ရက် ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.