Connect with us

Africa & Middle East

နိုင်ဂျီးရီးယားတွင် သေနတ်သမားများက ခရီးသည် ၂၅ဦး ကို ပြန်ပေးဆွဲခဲ့

နိုင်ဂျီးရီးယားနိုင်ငံရှိ အမည်မသိ သေနတ်သမားတစ်ချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အဘူဂျာ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကာဒူနာပြည်နယ် တွင် မေ ၃၁ရက်က သေနတ်သမားများသည် အနည်းဆုံး ခရီးသည် ၂၅ဦးအား ပြန်ပေးဆွဲခဲ့ကြောင်း ပြည်တွင်းပို့ဆောင်ရေးသမဂ္ဂ က ပြောကြားခဲ့သည်။

ပြန်ပေးဆွဲခံရသူများသည် ကာဒူနာပြည်နယ် ရှိ ဘာနင်-ဂွာရီ လမ်းမအတိုင်း မော်တော်ယာဉ်ဖြင့် ခရီးသွားနေစဉ် သေနတ်သမားများက တားဆီးကာ ချုံပုတ်တစ်ခုအတွင်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ခရီးလမ်းပို့ဆောင်ရေးအလုပ်သမားများဆိုင်ရာအမျိုးသားသမဂ္ဂ ၏ ခရိုင်အကြီးအကဲ Danladi Duniya ကပြောကြားခဲ့သည်။

Duniya က ပြန်ပေးဆွဲခံရသည့် လူဦးရေသည် အနည်းဆုံး ၂၅ ဦး (သို့) ၂၅ဦးထက်များနိုင်ကြောင်း ပြောကြားခဲ့သည်။

ပြန်ပေးဆွဲခံရသူများသည် အန္တရာယ်ရှိသော ဘာနင်-ဂွာရီ လမ်းပေါ်တွင် မော်တော်ယာဉ် ၅စီးဖြင့် ခရီးထွက်လာခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဘာနင်-ဂွာရီ လမ်းပေါ်ရှိ မာဂန်ဒါ နှင့် ကာကိုရီ ရွာများအနီးရှိ ချုံပုတ်တစ်ခုအတွင်းသို့ ခရီးသည်များအား သေနတ်သမားများက ခေါ်ဆောင်သွားစဉ် ကားမောင်းသူများအနက်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ပို့ဆောင်ရေးသမဂ္ဂအကြီးအကဲကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.