ဂျာကာတာ၊ ဇွန် ၂၀ ရက် အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဂျားဗားပြည်နယ်တွင် ရေကြီး၊မြေပြိုမှုကြောင့် သေဆုံးသူ ဦးရေသည် ဇွန်လ ၂၀ ရက်တွင် ၄၃ဦးအထိ မြင့်တက်လာခဲ့ပြီး အခြား ၁၉ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ မှ တာဝန်ရှိသူ တစ်ဦးကပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး မြှင့်တင်ရေး နှင့် ကာကွယ်ရေးကိစ္စရပ်များဆောင်ရွက်နေမှုများအား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီတို့သည် ယနေ့ဇွန် ၂၀ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝါဆော၊ ဇွန်လ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဥရောပနှင့် အာရှ သုံးနိုင်ငံ ခရီးစဉ်၏ ဒုတိယမြောက် နိုင်ငံ ဖြစ်သည့် ပိုလန်နိုင်ငံသို့ နှစ်နိုင်ငံ ချစ်ကြည်ရေး ခိုင်မြဲလာစေရန် နှင့် တရုတ်-ဥရောပ ဆက်ဆံရေး အားကောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် ဇွန်လ ၁၉...
နယူးဒေလီ ၊ ဇွန် ၂ဝ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂ (EU) အဖွဲ့ကြီး အတွက် ဝင်ပေါက်တစ်ခု ဖြစ်နေကြာင်းနှင့် အင်္ဂလန် အစိုးရအနေဖြင့် အီးယူမှ ထွက်ခွာခြင်း မပြုစေလိုကြောင်း အိန္ဒိယနိုင်ငံက ဇွန်လ ၂ဝ ရက်တွင် ပြောဆို လိုက်သည်။
ရန်ကုန် ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် နိုင်ငံများ အကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင် ရွက်မှု မြှင့်တင်ရန် လေးနိုင်ငံ ခရီးစဉ် ဒေသတစ်ခု (Four Nations-One Destination) ညီလာခံကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ဇူလိုင်လ...