Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး က အမေရိကန် နိုင်ငံ အား တရုတ် တစ်နိုင်ငံတည်း မူဝါဒ ကို လေးနက်စွာ လိုက်နာသွားရန် တိုက်တွန်း

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး နှင့် အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တို့ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ နေစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၂၄ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ က အာဂျင်တီးနား နိုင်ငံ သို့ သွားရောက် လည်ပတ် ပြီးနောက် နိုင်ငံ သို့ အပြန် အမေရိကန် နိုင်ငံ ၌ ခရီး တစ်ထောက် ရပ်နားစဉ် အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး Mike Pompeo နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် လုပ်ခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲ တွင် လတ်တလော ကာလ အတွင်း အမေရိကန် နိုင်ငံ မှ ထိုင်ဝမ် ကိစ္စရပ် နှင့် ပတ်သက်၍ အနုတ်သဘောဆောင်သည့် အပြုအမူများ အား အဆက်မပြတ် ဆောင်ရွက်ခြင်း နှင့် ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အား အမေရိကန် ၏ တရုတ် တစ်နိုင်ငံတည်း မူဝါဒ အပေါ် ပြောင်းလဲမှု ရှိမရှိ နှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီး အား ယင်း ကိစ္စရပ် အပေါ် အမြင် ကို သတင်းထောက် က မေးမြန်း ခြင်းဖြစ်သည်။

အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က အမေရိကန် နိုင်ငံ ၏ တရုတ် တစ်နိုင်ငံ တည်မူဝါဒ မှာ ပြောင်းလဲမှု မရှိဘဲ ယင်းကိစ္စရပ် နှင့် ပတ်သက်၍ အမေရိကန် ၏ မူဝါဒ မှာ ကာလတစ်လျှောက် ပြောင်းလဲမှု မရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဝမ်ရိ က ထိုင်ဝမ် ကိစ္စရပ် သည် တရုတ် နိုင်ငံ အချုပ်အခြာ အာဏာ နှင့် နယ်မြေတည်တံ့ခိုင်မြဲရေး နှင့် သက်ဆိုင် ပြီး တရုတ် နိုင်ငံ ၏ အဓိက အကျိုးစီးပွား နှင့် ပတ်သက်နေသည် ကို အထူး ပြောကြား လိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ အား တရုတ် တစ်နိုင်ငံတည်း မူဝါဒ နှင့် တရုတ်-အမေရိကန် ပူးတွဲ ကြေညာချက် ၃ ခု တွင် ပါရှိသည့် သတ်မှတ်ချက်များကို လေးနက်စွာ လိုက်နာသွားရန် တိုက်တွန်းကြောင်း ၊ ထိုင်ဝမ် ကိစ္စရပ် နှင့် ပတ်သက်၍ လေးနက်စွာ ကိုင်တွယ်ဆောင်ရွက်သွားပြီး နှစ်နိုင်ငံ ဆက်ဆံရေး နှင့် ထိုင်ဝမ် ရေလက်ကြား တည်ငြိမ်အေးချမ်းမှု ရရှိရန် ထိန်းသိမ်းသွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.