Connect with us

Africa & Middle East

UAE စစ်တပ်က နိုင်ငံတကာရေပိုင်နက်တွင် ဟူသီသူပုန်များ ၏လှေများ အား ဖျက်စီးပစ်

UAE နိုင်ငံပိုင် စစ်သင်္ဘောတစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒူဘိုင်း၊ မေ ၂၄ ရက် (ဆင်ဟွာ)

ဆော်ဒီဦးဆောင်သော အာရပ်မဟာမိတ်တပ်ဖွဲ့များ၏ အစိတ်တစ်ပိုင်းဖြစ်သော အာရပ်စော်ဘွားများပြည်ထောင်စု (UAE) စစ်တပ် သည် ပင်လယ်နီ ရှိ နိုင်ငံတကာရေပိုင်နက် တွင် အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားသော ဟူသီသူပုန်များ၏ လှေ ၂စင်းကို မေ ၂၃ ရက်က ဖျက်စီးခဲ့ကြောင်း သိရသည်။

UAE နိုင်ငံပိုင် WAM သတင်းဌာန ၏ဖော်ပြချက်အရ UAE စစ်တပ်က ပစ်ခတ်မှုမပြုလုပ်ခင် အဆိုပါလှေ ၂စင်းသည် ပင်လယ်နီအတွင်းရှိ ရေနံတင်သင်္ဘောများအနက် တစ်စီးကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း နှင့် အခြားလှေ၂စင်းမှာ လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ဟူသီသူပုန်များသည် သင်္ဘောများကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး ၎င်းတို့ ထိန်းချုပ်ထားဆဲဖြစ်သည့် Hodeidah ဆိပ်ကမ်းမှ စ၍ ပင်လယ်နီအတွင်း စီးပွားရေးဆိုင်ရာ ရေကြောင်းသွားလာမှု နှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးလမ်းကြောင်းများကို ခြိမ်းခြောက်လျက်ရှိကြောင်း သတင်း၌ပါရှိသည်။

WAM က ဟူသီစစ်သွေးကြွများသည် ပင်လယ်နီကမ်းရိုးတန်း၌ ရှုံးနိမ့်မှုများ ပေါ်ပေါက်လာခဲ့ပြီးနောက် အကျိုးရလဒ်အဖြစ် ယင်းအကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဆော်ဒီဦးဆောင်သော အာရပ်မဟာမိတ်အဖွဲ့သည် သမ္မတ Abd-Rabbu Mansour Hadi ဦးဆောင်သော နိုင်ငံတကာမှ အသိအမှတ်ပြုသည့် အစိုးရကို ထောက်ခံသည့်အနေဖြင့် 2015ခုနှစ် မတ်လ မှစ၍ ရှီယိုက်ဟူသီစစ်သွေးကြွများကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းမဟာမိတ်အဖွဲ့က ဟူသီသူပုန်များအား လက်နက်တပ်ဆင်ပေးသည့် အီရန်နိုင်ငံအား ပြစ်တင်ရှုတ်ချခဲ့ပြီး ရန်လိုမုန်းတီးမှုများ ဖြစ်ပေါ်လာသည်မှ စ၍ ဆော်ဒီတပ်ဖွဲ့ဝင်များ နှင့် မြို့များအား ပဲ့ထိန်းဒုံးကျည်များစွာဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.