ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တွင်း လက်ရှိပြေးဆွဲနေသော ခရီးသည်တင် ယာဉ်များကို အများပိုင် စုပေါင်းယာဉ်လိုင်းစနစ် ပြုလုပ်ပြီးပါက လက်ရှိ ယာဉ်အဟောင်းများ နေရာတွင် ယာဉ်အသစ်များဖြင့် အစားထိုးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
စိန့်ပီတာဘာ့ခ်၊ ရုရှား၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် အလွန် အဆင့်မြင့်သည့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တဖြည်းဖြည်း ချင်း ချဲ့ထွင်လာသော ရင်းနှီးသည့် မဟာမိတ်များ ဖြစ်ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဆင်ဟွာသို့ ပြောသည်။
တက်ရှ်ခန့်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ခေတ်သစ်ပိုးလမ်းမကြီး၏ အဓိက အောင်မြင်မှု တစ်ခုဖြစ်သည့် ဥဇဘက်ကစ္စတန်နိုင်ငံရှိ Qanchiq တူးမြောင်း အား ဥဇဘက်ကစ္စတန် သမ္မတနှင့်အတူ ယင်းနိုင်ငံသို့ အလည်ပတ် ရောက်ရှိနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်တို့က ဇွန်လ ၂၂ ရက်က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်တွင် ဆဲလ်ဖီရိုက် (မိမိကိုယ်ကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ခြင်း) ပြီးနောက် ရေထဲပြုတ်ကျ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၂၃ ရက်က ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်သည် လွန်ခဲ့သော ရက်သတ္တပတ်က နိုင်ငံ အနောက်တောင်ပိုင်းရှိ Koh Kong ပြည်နယ်ထဲတွင် ဆိုင်ကယ်စီး ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ် စီးနင်းမှုကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်း ခံရပြီး ဒဏ်ငွေ ပေးဆောင်ခဲ့ရကြောင်းနှင့် ၎င်း၏...