Connect with us

Latin America

ဘဏ္ဍာရေးပိတ်ဆို့ဒဏ်ခတ်မှုများပြုလုပ်နေသည့်အမေရိကန်ကို ဗင်နီဇွဲလားက အပြစ်တင်ပြောဆို

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုအား တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ကရာကက်စ် ၊ မေ ၂၃ ရက်(ဆင်ဟွာ)

အမေရိကန်က ဗင်နီဇွဲလားကို ဘဏ္ဍာရေးပိတ်ဆို့ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်နေသည့်အပေါ် ပြင်းပြင်းထန်ထန် အပြစ်တင်ကြောင်း ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၂၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အမေရိကန်က ဗင်နီဇွဲလားကို ဘဏ္ဍာရေးပိတ်ဆို့ဒဏ်ခတ်မှုများ ထပ်မံတိုးမြှင့်လုပ်ဆောင်နေခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်သလို ဗင်နီဇွဲလားပြည်သူလူထု၏ ဖွံ့ဖြိုး တိုးတက်ရေး အခွင့်အလမ်းများကို ဆုံးရှုံးအောင် ပြုလုပ်နေခြင်းဖြစ်ကြောင်း ၎င်းကြေညာချက်တွင် ဖော်ပြထား သည်။

ဗင်နီဇွဲလားအစိုးရနှင့်သက်ဆိုင်သည့် ကြွေးမြီ သို့မဟုတ် အစိုးရထိန်းချုပ်သည့် entities စတော့ ရှယ်ယာများကို အရောင်းအဝယ်လုပ်ခြင်း၊ဘဏ္ဍာရေးဆိုင်ရာရင်းနှီးမြုပ်နှံမှု ပြုလုပ်ခြင်းအား တားမြစ် သည့် အမိန့်ကြေညာချက်ကို ဒေါ်နယ်ထရန့် က မေ ၂၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ဗင်နီဇွဲလားတွင် မေလ ၂၀ ရက်က သမ္မတရွေးကောက်ပွဲကျင်းပခဲ့ပြီး မေ ၂၁ ရက်တွင် ရွေးကောက်ပွဲ ကော်မတီက ရွေးကောက်ပွဲရလဒ် ဒုတိယကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ၎င်းရွေးကောက်ပွဲတွင် လက်ရှိသမ္မတ နီကိုလပ်စ် မာဒူရို က ဆန္ဒမဲ ၆.၁၉သန်းဖြင့် ပထမနေရာရခဲ့ပြီး Henri Falcon က ဆန္ဒမဲ ၁.၉၁ သန်းဖြင့် ဒုတိယနေရာတွင် ရှိခဲ့ပါသည်။ သို့သော်လည်း မဲပေးသူမှာ ၄၆.၀၂ ရာခိုင်နှုန်းသာ ရှိခဲ့သောကြောင့် Henri Falcon က ထိုရွေးကောက်ပွဲမှာ တရားမဝင် ရွေးကောက်ပွဲဖြစ်ပြီး လက်သင့်မခံနိုင်ကြောင်း ရွေးကောက်ပွဲရလဒ်ကြေညာပြီး မိနစ်ပိုင်းအတွင်းတွင် ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ်မှစ၍ အမေရိကန်က ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ပြဿနာကို အကြောင်းပြကာ ဗင်နီဇွဲလားနိုင်ငံအား စီးပွားရေး၊ဘဏ္ဍာရေးပိတ်ဆို့မှုများ အဆက်မပြတ်တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ ယခုလဆန်းပိုင်းတွင် ဗင်နီဇွဲလားအစိုးရက အမေရိကန်သည် ဗင်နီဇွဲလား၏အချုပ်အခြာ အာဏာကို ထိပါးခြင်း၊သမ္မတရွေးကောက်ပွဲကို အနှောက်အယှက်ပေးခြင်းတို့လုပ်ဆောင်သည်ဟု အပြင်းအထန် အပြစ်တင်ပြောဆိုလိုက်ပြီး အမေရိကန်၏ ရန်လိုဖွယ်စကားများကိုလည်း ဝေဖန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.