Connect with us

Sport

အမှန်တကယ်လိုအပ်သည့် အားကစားကွင်းတစ်ကွင်းကိုအဆင့်မြင့်အားကစားကွင်းအဖြစ် တိုးမြှင့်ပေးနိုင်ရန်ဘတ်ဂျက်တွင်ထည့်သွင်းထားပြီးဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းအားတွေ့ရစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး တွင် အမှန်တကယ်လိုအပ်သည့် အားကစားကွင်းတစ်ကွင်းကိုသာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ရေးနှစ်တွင် အဆင့်မြင့်အားကစားကွင်းအဖြစ် တိုးမြှင့်ပေးနိုင်ရန် ဘတ်ဂျက်မှာလည်း ထည့်သွင်းလျာထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။

“လမ်းမတော်မြို့နယ် ရှိ အ.လ.က ကျောင်းနှင့် မင်းရဲကျော်စွာလမ်းပေါ်ရှိ စိန်ဂျွန်း အ.ထ.က (၁) ကျောင်းဝင်းအတွင်းရှိ အားကစားကွင်းတို့အနက် လွှတ်တော်ကိုယ်စားလှယ်ကြီးနဲ့ ညှိနှိုင်းပြီးတော့ လွှတ်တော်ကိုယ်စားလှယ်၏ သဘောထားနှင့်အညီ အမှန်တကယ်လိုအပ်တဲ့ အားကစားကွင်းတစ်ကွင်းကိုပဲ ကျွန်တော်တို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ရေးနှစ်မှာ အဆင့်မြှင့်အားကစားကွင်းအဖြစ် တိုးမြှင့်ပေးနိုင်ရန် ဘတ်ဂျက်မှာလည်း ထည့်သွင်းလျာထားပြီး ဖြစ်ပါတယ်။” ဟု ဝန်ကြီးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ် ဆဋ္ဌမပုံမှန်အစည်းအဝေး၌ လမ်းမတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေး၏ လမ်းမတော်မြို့နယ်၊ မြမာလာ အ.လ.က ကျောင်းနှင့် မင်းရဲကျော်စွာလမ်းပေါ်ရှိ စိန်ဂျွန်းကျောင်း အ.ထ.က (၁) ကျောင်းဝင်းအတွင်းရှိ အားကစားကွင်းတို့ကို အဆင့်မြင့်အားကစားကွင်းအဖြစ် တိုးမြှင့်ပေးနိုင်ခြင်း ရှိ၊မရှို မေးမြန်းချက်ကို ၏ ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.