Connect with us

Latin America

ပိတ်ဆို့မှု အသစ်များပြုလုပ်ပြီးနောက် အမေရိကန် သံတမန်နှစ်ဦးကို ဗင်နီဇွဲလားနိုင်ငံမှ နှင်ထုတ်

ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရိုအား တွေ့ရစဉ် (ဆင်ဟွာ)

ကရာကက်စ်၊ မေ ၂၃ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) က အမေရိကန် သံတမန်နှစ်ဦးအား “၄၈ နာရီအတွင်း နိုင်ငံအတွင်းမှ ထွက်ခွာရန်” မေလ ၂၂ ရက်က ညွှန်ကြားလိုက်ကြောင်း သိရသည်။

ဗင်နီဇွဲလားနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ ယာယီတာဝန်ခံသံမှူး Todd Robinson နှင့် သံအဖွဲ့ ဒုတိယခေါင်းဆောင် Brain Naranjo တို့ နှစ်ဦးကို “မလိုလားအပ်သောသူများ” အဖြစ် သမ္မတက ကြေညာခဲ့သည်။

မေလ ၂၀ ရက်တွင် သမ္မတရွေးကောက်ပွဲ အောင်နိုင်ပြီးနောက် မိန့်ခွန်းပြောကြားသည့် ရုပ်မြင်သံကြားမိန့်ခွန်း၌ အဆိုပါ ကြေညာချက်ကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဗင်နီဇွဲလားနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကာကွယ်သည့်အနေဖြင့် သူတို့ဟာ ၄၈ နာရီအတွင်း နိုင်ငံက ထွက်ခွာသွားရမှာဖြစ်ပါတယ်။ လျှို့ဝှက်ကြံစည်မှုတွေက တော်လောက်ပါပြီ” ဟု မာဒူရိုက ပြောကြားခဲ့သည်။ အဆိုပါ ညွှန်ကြားချက်အတိုင်း သံတမန်နှစ်ဦး နိုင်ငံအတွင်းမှ ထွက်ခွာသည်ကို သေချာစောင့်ကြည့်ရန် နိုင်ငံခြားရေးဝန်ကြီး Jorge Arreaza အား ညွှန်ကြားခဲ့ကြောင်း သိရသည်။

“အမေရိကန်နိုင်ငံနှင့် အကောင်းဆုံး ဆက်ဆံရေးများရှိလိုသော်လည်း ဖြစ်နိုင်မည်မဟုတ်ကြောင်း” မာဒူရိုက ထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအပေါ် ထပ်တိုးအရောင်းအဝယ်များကို တားမြစ်ကြောင်း အမိန့်အား မေလ ၂၁ ရက်တွင် လက်မှတ်ရေးထိုးလိုက်ပြီးနောက် သံတမန်နှစ်ဦးအား ဗင်နီဇွဲလားနိုင်ငံမှ နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.