ကာရာကက်စ် ၊ ဇန်နဝါရီ ၃ဝ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ၌ ဇန်နဝါရီလ ၂၈ရက်က လေယာဉ်ငယ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်လိုက်ပါသွားသူ ၆ ဦး အသက်သေဆုံးသွားကြောင်း တာဝန်ရှိသူများက ဇန်နဝါရီလ ၂၉ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီအား ရန်ကုန်လေဆိပ်တွင် လုပ်ကြံသတ်ဖြတ်ခြင်းခံရမှုနှင့် ပတ်သက်ပြီး အလွန်အကျွံ တုံ့ပြန်မှုမပြုဘဲ တည်ငြိမ်စွာ ရင်ဆိုင်ရန် NLDပါတီက ဇန်နဝါရီ ၂၉ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ပြည်ပဆိုက်ရောက်တွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေနတ်သမားအား ဖမ်းဆီးစစ်ဆေးနေကြောင်း နိုင်ငံတော် သမ္မတရုံး၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆင်ဟွာသို့ ပြောကြားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတွင် ဇန်နဝါရီ ၃၀ ရက်နေ့တွင် ကျင်းပမည့် ၆၅ ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲ (Miss Universe 2016 ) ၏ အထူးခြားဆုံးနှင့် အလှပဆုံး အမျိုးသားဝတ်စုံအဖြစ် မြန်မာမယ်စကြဝဠာ ထက်ထက်ထွန်းဝတ်ဆင်သော ရိုးရာရုပ်သေးဝတ်စုံကို ရွေးချယ်လိုက်ကြောင်း ကမ္ဘာ့အလှမယ်ပြိုင်ပွဲများကို...
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ပြည်ပမှ မော်တော်ယာဉ် တင်သွင်းမှု များကို အခွန်စည်းကြပ်ခြင်း နှင့် ဒဏ်ကြေး သတ်မှတ်ခြင်း တို့အတွက် အကောက်ခွန် ဦးစီးဌာန၏ ညွှန်ကြား လွှာသစ်ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။