Connect with us

Politics, Law & Military

ပေါ်တူဂီ နိုင်ငံ သမ္မတ နှင့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး တို့ တွေ့ဆုံဆွေးနွေး

ပေါ်တူဂီ နိုင်ငံ သမ္မတ Jerónimo de Sousa နှင့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့က မေလ ၁၈ ရက်နေ့ တွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

လစ္စဘွန်း ၊ မေ ၁၉ ရက် (ဆင်ဟွာ)

ပေါ်တူဂီ နိုင်ငံ သမ္မတ Jerónimo de Sousa နှင့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့က မေလ ၁၈ ရက်နေ့ တွင် လစ္စဘွန်း မြို့၌ တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးစဉ် ပေါ်တူဂီ နိုင်ငံ သမ္မတ Jerónimo de Sousa က ပေါ်တူဂီ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ဆက်ဆံရေး ကို လွန်စွာ အလေးထားပြီး မိမိ နိုင်ငံ အနေဖြင့် ဥရောပ နိုင်ငံ များအတွင်း တရုတ် နိုင်ငံ နှင့် အရင်းနှီးဆုံးသော နိုင်ငံ အဖြစ် ခံယူထားကာ တရုတ် နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး သည် ပေါ်တူဂီ နိုင်ငံ တစ်ရပ်လုံး၏ ဘုံသဘောတူညီမှု တစ်ရပ် ဖြစ်ကြောင်း ၊ ပေါ်တူဂီ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး အနေဖြင့် လွန်စွာကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး လတ်တလော နှစ်ပိုင်းတွင် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တွင် လက်တွေ့ကြသည့် အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း ၊ ပေါ်တူဂီ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ အကျိုးတူပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်း တွင် အဆက်မပြတ် တက်လှမ်း သွားလိုကြောင်း ပြောကြား ခဲ့သည်။

ထိုနောက် Sousa က ပေါ်တူဂီ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဖော်ဆောင်ခဲ့သည့် အရေးပါသည့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ကို စတင်ချိန်မှစ၍ ခိုင်မြဲစွာ ထောက်ခံအားပေး ခဲ့ကြောင်း ၊ ပေါ်တူဂီ နိုင်ငံ တွင် ဥရောပ ၌ အကောင်းဆုံးသော သဘာဝ ဆိပ်ကမ်း တည်ရှိသဖြင့် ယင်းအားသာချက်ဖြင့် တရုတ် နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ကာ ခေတ်သစ်ပိုးလမ်းမကြီး အား အတူတကွ တည်ဆောက်သွားလိုကြောင်း ၊ ပေါ်တူဂီ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ရင်းနှီးမြှုပ်နှံမှု များကို အလုံးစုံ တံခါးဖွင့် ကြိုဆိုခဲ့ပြီး တရုတ် နိုင်ငံ စီးပွားရေး လုပ်ငန်းများ အနေဖြင့် ရင်းနှီးမြှုပ်နှံမှု များ တိုးချဲ့ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ၊ ပေါ်တူဂီ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် တတိယ ဈေးကွက် တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားလိုပြီး စီမံကိန်း များအား အာဖရိက နှင့် လက်တင်အမေရိက ရှိ ပေါ်တူဂီ ဘာသာစကား ပြောကြားသည့် နိုင်ငံ များတွင် စတင်ဆောင်ရွက်သွား နိုင်ကြောင်း ပြောကြား ခဲ့သည်။

ဝမ်ရိ က ပေါ်တူဂီ နိုင်ငံ သည် ဥရောပ တွင် အရေးပါသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး ရှည်လျားသည့် သမိုင်း အစဉ်အလာ တည်ရှိကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ပေါ်တူဂီ နိုင်ငံ အား ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေး တွင် အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် နိုင်ငံ အဖြစ် သတ်မှတ်လိုကြောင်း ၊ ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ များကို အမြန်ဆုံး ချုပ်ဆိုသွားပြီး နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ကို ချိတ်ဆက်ကာ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု အတွက် ကဏ္ဍသစ် ၊ အလားအလာသစ် နှင့် မူဘောင်အသစ် များကို ဖော်ဆောင်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်ရိ က တရုတ် နိုင်ငံ အနေဖြင့် ပေါ်တူဂီ နိုင်ငံ အတူတကွ နှစ်နိုင်ငံ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု အတိုင်းအတာ နှင့် အဆင့်အတန်း ကို အဆက်မပြတ် တိုးမြှင့်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကိုလည်း နိုင်ငံ နှင့် နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှု ၏ စံနမူနာ ဖြစ်စေရန် ဆောင်ရွက်ပြီး စွမ်းဆောင်ရည် မြင့်မားသော ၊ စည်းစနစ်ကျနသော ရေရှည် အကျိုးတူ အောင်မြင်မှု ဖြစ်စေရန် ဆောင်ရွက်သွားလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ပေါ်တူဂီ နိုင်ငံ မှ စိတ်ဝင်စားသည့် ရေကြောင်း ၊ ဆိပ်ကမ်း စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ကာ တတိယ ဈေးကွက် ပူးပေါင်းဆောင်ရွက်မှု နှင့် ပတ်သက်သည့် ပုံစံ နှင့် စီမံကိန်း များ ကို တက်ကြွစွာ ဆွေးနွေးတိုင်ပင်သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117