နေပြည်တော်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့ သမ္မတနိုင်ငံကိုယ်စား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးက လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနသို့ ယနေ့ နေ့လယ်တွင် ကျပ် သန်း နှစ်ရာ လှူဒါန်းခဲ့ ရာ ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့်...
စင်ကာပူ ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်း ၏ မကြာမီကာလအတွင်း တရုတ်နိုင်ငံသို့သွားရောက်လည်ပတ်မည့်ခရီးစဉ်သည် တရုတ်စင်ကာပူ နှစ်နိုင်ငံအကြား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး တိုးတက်အောင် တွန်းအားပေးလိမ့်မည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ တရုတ်သံတမန်က စက်တင်ဘာလ ၁၈ ရက်တွင်ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်တို့ သည် စက်တင်ဘာလ ၁၈ ရက်က ဆွေးနွေးစဉ် ကုလသမဂ္ဂအဖွဲ့ကြီးအတွင်း ဗျူရိုကရေစီယန္တယားကို ပြောင်းလဲမှုတစ်ခုပြုလုပ်သွားရန် ပြောကြားခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးနှင့် ပတ်သက်၍ ပြည်သူများ၏ စိုးရိမ်မှုများ ပပျောက်စေရေးအတွက် နယ်စပ်ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို နိုင်ငံတော်သမ္မတရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံယူနန်ပြည်နယ် အပြည်ပြည်ဆိုင်ရာအရပ်ဘက် အဖွဲ့အစည်း (YINGOS) မှ လှူဒါန်းပြီး မြန်မာ နိုင်ငံ ရှိ Nobel Language Center မှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသော ဒုတိယ အကြိမ်မြောက် “ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းလျှင် တီဗီ...