ဆိုးလ် ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသမ္မတအိမ်ပြာတော်က မြောက်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံ တို့အကြား မကြာမီ ပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲမှ အပြုသဘောဆောင်သည့် ရလဒ်များထွက်ပေါ်လာရန် မျှော်လင့်ထားကြောင်း ဇွန်လ ၁ဝ ရက်တွင် ပြောကြားခဲ့သည်။
စင်ကာပူ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်နှင့် ထိပ်သီးအစည်းအဝေး ပြုလုပ်ရန် စင်ကာပူနိုင်ငံသို့ ဇွန်လ ၁၀ ရက် ညပိုင်းက ရောက်ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန် အိုချာ(ငြိမ်း) ၏ ဖိတ်ကြားချက်အရ မကြာမီကာလအတွင်း ထိုင်းနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် သွားရောက်မည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။
စင်ကာပူ ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) စင်ကာပူနိုင်ငံဝန်ကြီးချုပ်လီရှန်လွန်း နှင့် မြောက်ကိုရီးယားနိုင်ငံ နိုင်ငံရေးရာ ကော်မရှင် ဥက္ကဋ္ဌ နှင့် ကိုရီယား အလုပ်သမားပါတီ (WPK) ဥက္ကဋ္ဌကင်ဂျုံအန် တို့သည် ဇွန်လ ၁ဝ ရက်က စင်ကာပူနိုင်ငံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
စင်ကာပူ၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ကိုရီယား အလုပ်သမားပါတီ (WPK) ဥက္ကဋ္ဌနှင့် မြောက်ကိုရီးယားနိုင်ငံရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်သည် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇွန်လ ၁၂ ရက်တွင် တွေ့ဆုံရန် စင်ကာပူနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည်...