အန်ကာရာ ၊ ဇန်နဝါရီ ၄ (ဆင်ဟွာ) လူပေါင်း ၃၉ ဦးထိ သေဆုံးခဲ့ရသော တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ နိုက်ကလပ်တစ်ခုအား ဝင်ရောက်ပစ်ခတ်ခဲ့သည့် အကြမ်းဖက်တရားခံမှာ မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိရပြီဖြစ်ကြောင်း တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က ဇန်နဝါရီလ ၄ ရက်တွင် ပြောကြားလိုက်သည်။
ဂျကာတာ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ) အင်ဒိုနီးရှား၏ အမျိုးသားစည်းမျဉ်းစည်းကမ်း ဥပဒေကို လေးစားမှုမရှိခြင်းကြောင့် သြစတြေးလျနိုင်ငံနှင့်စစ်ရေးပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံက ဇန်နဝါရီလ ၄ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
နယူးယောက်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) ဆံပင် မပေါက်တော့သည့် သူငယ်ချင်း တစ်ဦးအတွက် ဆံပင်တု ပြုလုပ်ရန်အလို့ငှာ အသက် ၁၀ နှစ်အရွယ် အမေရိကန် ကလေးငယ် တစ်ဦးသည် ၎င်း၏ ဆံပင်များကို ၂ နှစ်ကြာ မညှပ်ဘဲ အရှည်ထားခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၄ရက်(ဆင်ဟွာ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို တိုင်းရင်းသားပြည်သူအားလုံးက မျက်မှောက်ပြု ကြရန်အထူးအရေးကြီးဟု နိုင်ငံတော် သမ္မတ ဦးထင်ကျော်က (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သောသဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။ ယနေ့ဆိုလျှင် မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးရရှိခဲ့သည်မှာ (၆၉)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း လွတ်လပ်ရေးရရှိပြီးနောက် အတိတ်သမိုင်းတွင် မိမိတို့တိုင်းရင်းသား ညီရင်းအစ်ကို မောင်ရင်းနှမများအကြားအကြောင်းအမျိုးမျိုးကြောင့် သံသယများ၊ ပဋိပက္ခများပေါ်ပေါက်ခဲ့ရသည့်အတွက်...