Connect with us

Environment, Disasters & Accidents

မြိတ်မြို့၌ မီးလောင်မှုကြောင့် အိမ်ထောင်စု ၁၀ စု မီးဘေးသင့်

မီးလောင်မှုအား ၀ိုင်းဝန်း ငြိမ်းသတ်နေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-The Mirror Daily)

ရန်ကုန် ၊ ဧပြီ ၈ ရက်(ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ရေပုန်းရပ်ကွက် စည်ပင် သာယာလမ်းတွင် ဧပြီ ၇ ရက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ထောင်စု ၁၀ စု မီးဘေးသင့်ခဲ့ရကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ထိုမီးဘေးသင့် အိမ်ထောင်စုများအား ငြိမ်းချမ်းရေးဘုန်းတော်ကြီးကျောင်း တွင် ကယ်ဆယ်ရေးစခန်း ယာယီဖွင့်လှစ်ကာ နေထိုင်လျက် ရှိကြောင်း၊ မီးဘေးသင့်ပြည်သူများ ကျန်းမာရေး၊ နေထိုင် စားသောက်ရေး အတွက် တာဝန်ရှိသူများက စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုမီးလောင်မှုမှာ ဆေးခန်းတွင် ပန်ကာအပူလွန်ကဲရာမှ မီးလောင်မှု စတင် ဖြစ်ပွားခဲ့ပြီး လူနေအိမ် လေးလုံး ၊ ဆေးခန်း အဆောက်အအုံ တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ၊ မီးလောင်မှု ဖြစ်ပွားရာသို့ မြို့နယ် မီးသတ် စခန်း ၊ အရန် မီးသတ် စခန်းများမှ မီးသတ်ယာဉ် စုစုပေါင်း ၁၇ စီးဖြင့် ငြိမ်းသတ်ခဲ့ရကြောင်း ထုတ်ပြန်သော သတင်းတွင် ဖော်ပြထားသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117