Connect with us

Social

အကောက်ခွန်မဲ့ ပစ္စည်း ကျပ်သန်းပေါင်း နှစ်ထောင်ကျော် တစ်လ အတွင်း ဖမ်းဆီးရမိ

ဧပြီလ အတွင်း တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လိုင်စင်မဲ့ ယာဉ်များအား ဖမ်းဆီး ရမိစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဧပြီ ၈ ရက်(ဆင်ဟွာ)

အကောက်ခွန်မဲ့ပစ္စည်းများအား တားဆီး စစ်ဆေးအရေးယူလျက်ရှိရာ မတ်လ တစ်လတာအတွင်း အကောက် ခွန်မဲ့ ပစ္စည်း ကျပ်သန်းပေါင်း နှစ်ထောင်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

မတ် ၁ ရက်မှ ၃၁ ရက်အတွင်း တင်သွင်း၊ တင်ပို့ခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြ နိုင်ခြင်းမရှိသည့် အကောက်ခွန်မဲ့ပစ္စည်းများအား စုစုပေါင်း ၃၅၅ မှုမှ ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃၇၇ ဒသမ ၇၂၃ သန်းခန့်အား ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ထိုအကောက်ခွန်မဲ့ ပစ္စည်းများအား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ် ကုန်လှောင်ရုံ၊ ဆိပ်ကမ်းများ၊ အထူးကင်း၊ ရေပူစစ်ဆေးရေးစခန်းနှင့် အကောက်ခွန်နယ်မြေဒေသအသီးသီးတို့တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117