ပေကျင်း၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) သမ္မတရှီကျင့်ဖိန်ရေးသားခဲ့သောစာအုပ်မှတ်တစ်ဆင့်တရုတ်နိုင်ငံ အကြောင်းကို တစ်ကမ္ဘာလုံးက သိရှိနားလည်ခဲ့ကြသည်။ ထိုစာအုပ်ကို ပထမဆုံးအကြိမ်အဖြစ် ဘာသာစကားပေါင်း ၂၄ မျိုးဖြင့်ရေးသားထုတ်ဝေခဲ့ရာ လူအများအထူးစိတ်ဝင်တစားအားပေးဖတ်ရှုခဲ့ကြသည်။ ဒုတိယအကြိမ်အဖြစ်တစ်ကမ္ဘာလုံးသို့ဖြန့်ချိရန်ထုတ်ဝေရာတွင် ၁၃ မီလီယံကျော်ထုတ်ဝေဖြန့်ချိခဲ့ရသည်။ သမ္မတရှီကျင့်ဖိန်၏ စာအုပ်အားဖတ်ရှှုသူများက စိတ်ဝင်စားရသည့်အကြောင်းရင်းများကို အောက်ပါ video ထဲတွင်မြင်တွေ့နိုင်ပါသည်။(Xinhua)
ပေကျင်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစမ်းသပ်မှုများနှင့် တာဝေးပစ် တိုက်ချင်းပစ်ဒုံးပျံ (ICBM) စမ်းသပ်မှုများ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဆုံးဖြတ်ချက်အတွက် တရုတ်နိုင်ငံက ကြိုဆိုကြောင်း ယနေ့ (ဧပြီလ ၂၁ ရက်) ပြောကြားလိုက်သည်။
လန်ဒန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) အဖွဲ့ဝင်နိုင်ငံ ၅၃ နိုင်ငံပါဝင်သော အဖွဲ့အစည်း၏ အကြီးအကဲအဖြစ် ဗြိတိန်နိုင်ငံ ဝေးလ်စ်မင်းသား ချားလ်စ် (Charles) အား ဆက်ခံစေရန် ရွေးချယ်မည်ဖြစ်ကြောင်း ဓနသဟာယ ခေါင်းဆောင်များက သဘောတူခဲ့ကြောင်း သိရသည်။
ပြုံယမ်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံက နျူကလီးယား စမ်းသပ်မှုများနှင့် တာဝေးပစ် တိုက်ချင်းပစ်ဒုံးပျံ (ICBM) စမ်းသပ်မှုများအား ဧပြီလ ၂၁ ရက်မှစတင်ကာ ချက်ချင်း ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း Korean Central News Agency (KCNA) က ဧပြီလ ၂၁...
ရန်ကုန် ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) ပုသိမ်ကြီး မြို့နယ်၌ ငွေကျပ်သိန်းပေါင်း ၅,၄၀၃ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။