မနီလာ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ဧပြီ ၂၈ ရက် ည က အဓိက လမ်းမကြီးတစ်ခု တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၁ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ နှင့် သတင်းဋ္ဌာနများက ပြောကြားခဲ့သည်။
ဂျာကာတာ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ တွင် ရစ်ချ်တာစကေး ၆.၈ ရှိသည့် အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် မိုးလေဝသ နှင့် ဘူမိရူပဗေဒဋ္ဌာန က နိုင်ငံအလယ်ပိုင်း မြောက်စူလာဝီဆီပြည်နယ်တွင် ထုတ်ပြန်ခဲ့သော ဆူနာမီသတိပေးချက်အား ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း ဋ္ဌာန၏ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။
နေပြည်တော်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) အစိုးရသစ် လက်ထက် တစ်နှစ်တာအတွင်း သွားဘက်ဆိုင်ရာ သစ်လွင် ဆရာဝန် ၁၇၀၀ ကျော်နှင့် ဆရာဝန် ၂၈၁ ဦး အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်း ၁၃၃၇၆ ဦးတို့ကို ခန့်အပ်ခဲ့နိုင်ခဲ့ သည်ဟု ကျန်းမာရေး နှင့်...
ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ယနေ့မနက် ၁၀ နာရီ ၄၅ မိနစ်လောက်က ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့တဲ့အတွက် ခရီးသည် ၁၉ဦး သေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ကျော်လင်းဦးက ဆင်ဟွာသို့ပြောကြားခဲ့သည်။
နေပြည်တော်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) အစိုးရသစ်လက်ထက် တစ်နှစ်အတွင်း ရွှေတိဂုံ၊ ကျိုက်ထီးရိုး၊ မဟာမုနိနှင့် ကမ္ဘာအေး စေတီတော်များ၏ အလှူငွေရရှိမှုမှာ ယမန်နှစ်ကထက် ပိုမို များပြားခဲ့သည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ခေတ္တအမြဲတမ်း အတွင်းဝန် ဦးထွန်းအုံ ရှင်းလင်း ယနေ့ပြောကြားသည်။