နေပြည်တော်၊ဧပြီလ ၂၈ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် အစိုးရသစ်တာဝန်ယူခဲ့ပြီးနောက်ပထမ တစ်နှစ်တာကာလ အတွင်း ပြုပြင်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ နေပြည်တော် တွင်ဧပြီလ ၂၈ ရက် ကရှင်းလင်းပွဲပြုလုပ်ခဲ့ရာဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန အနေဖြင့်အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖေါ်ရေးလုပ်ငန်းစဉ်များကို ပထမတစ်နှစ်တာကာလအတွင်း အဓိကထားဆောင်ရွက်ခဲ့ကြောင်းပြောကြားခဲ့သည်။
နယူးယောက်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ရုရှားနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Gennady Gatilov တို့သည် ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေးကိစ္စဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဝန်ကြီးများ အစည်းအဝေး မတိုင်ခင် ဧပြီ ၂၇ ရက်နေ့ ညက တွေ့ဆုံခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင်ဆောင်ရွက်လျက်ရှိသည့် မေခရိုစီးပွားရေးတည်ငြိမ်ရေး နှင့် ဘဏ္ဍာရေးဆိုင်ရာ ခံနိုင်ရည်ရှိမှု၊ ကြိုးပမ်းဆောင်ရွက်မှုများကို ဆောင်ရွက်နိုင်ရန် အတွက် ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံအစိုးရအား အမေရိကန်ဒေါ်လာ သန်း ၂၀၀ ချေးယူရန် အတည်ပြုလိုက်ကြောင်း ကမ္ဘာ့ဘဏ်(မြန်မာ)ယနေ့ သတင်းထုတ်ပြန်သည်။
ဝါရှင်တန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ကိုရီးယားကျွန်းဆွယ်အရေး ကို သံတမန်နည်းအရ ချဉ်းကပ်၍ ဖြေရှင်းသွားရန် လိုလားကြောင်း၊ သို့သော် မြောက်ကိုရီးယားနိုင်ငံ နှင့် အဓိကကျသည့် ပဋိပက္ခတစ်ခု ဖြစ်ပွားနိုင်ချေရှိကြောင်း ဧပြီ ၂၇ ရက်က သတိပေးပြောကြားခဲ့သည်။
မက်ဆီဒိုးနီးယား၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) SDSM ပါတီ နှင့် အယ်လ်ဘေးနီးယားပါတီငယ် သုံးခု မှ ပါလီမန်အမတ်များသည် အယ်လ်ဘေးနီးယားပါတီငယ်တစ်ခုဖြစ်သော DUI ပါတီမှ Tallat Xhaferi အား ပါလီမန်ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခဲ့ပြီးနောက် ဥက္ကဋ္ဌသစ်ရွေးချယ်မှုအား မကျေနပ်သော ဆန္ဒပြသူများသည် မက်ဆီဒိုးနီးယား ပါလီမန် အဆောက်အအုံအတွင်းသို့...