ပေကျင်း၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက အာကာသယာဉ်မှူးများအဖွဲ့ကို ၁၉၉၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် စတင်တည်ထောင် ခဲ့သည်။ ထိုအဖွဲ့မှာ အာကာသတွင်းလူလိုက်ပါသည့် ခရီးစဉ်ပေါင်း ၆ ခုအထိ သွားရောက်နိုင်ခဲ့ပြီး ဖြစ်သည်။၂ဝဝ၃ ခုနှစ်အောက်တိုဘာလတွင် တရုတ်နိုင်ငံ၏ ပထမဆုံးလူလိုက်ပါစီးနင်းသည့်အာကာသယာဉ် ကို လွှတ်တင်နိုင်ခဲ့ပြီး အာကာသယာဉ်မှူး...
လာ့စ်ဗီးဂတ်စ်၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ) Volocopter ဟုအမည်ပေးထားသည့် အငှားယာဉ်ပျံကို အမေရိကန်ပြည်ထောင်စု လာ့စ်ဗီးဂတ်စ်တွင် ကျင်းပသည့် ၂ဝ၁၈ ခုနှစ် အီလက်ထရောနစ်ပြပွဲ ၌မိတ်ဆက်ပြသခဲ့သည်။ ၎င်းမှာ လျှပ်စစ်ဓါတ်အားသုံးမောင်းနှင်ရသည့်ယာဉ်ပျံ ဖြစ်ပြီး Drone နည်းပညာကိုအသုံးပြုထုတ်လုပ်ထားကာ တစ်နာရီလျင် ၄၃ မိုင်အထိ မောင်းနှင်ပျံသန်းနိုင်သည်။ လူလိုက်ပါမောင်းနှင်နိုင်သကဲ့သို့ မောင်းသူမဲ့ယာဉ်အဖြစ်လည်းကောင်းစွာပျံသန်းနိုင်သည်။ ယခုပြသထားသည့်...
ဟာဘင်၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံကျန်းပြည်နယ် ဟာဘင်မြို့တွင် ၂ဝ၁၈ ခုနှစ်အားကြိုဆိုသည့် အထိမ်းအမှတ်အဖြစ် နှင်းလူသားရုပ်တုပေါင်း ၂ဝ၁၈ ရုပ်ကို ထုလုပ်ခဲ့ကြသည်။ အရှည်ဆုံးရုပ်တုကြီးမှာ မီတာ ၂ဝ အမြင့်အထိရှိပြီး အသေးဆုံးမှာ ဝ.၅ မီတာအမြင့်ရှိသည်။ ထိုရုပ်တုများကိုထုလုပ်သည့် နှင်းခဲများမှာ သဘာဝနှင်းခဲများမဟုတ်ဘဲ ဖန်တီးထုတ်လုပ်ထားသည့်နှင်းခဲများကိုအသုံးပြုထားခြင်းဖြစ်သောကြောင့်...
ရန်ကုန် ၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ဖြူးမြို့၏ အနောက်တောင်ဘက်(၂၅)မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုသည် ယနေ့ဇန်နဝါရီ ၂၂ ရက် နေ့လည်ပိုင်း အချိန်တွင် လှုပ်ခတ် သွားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး...
ဘန်ကောက်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတောင်ပိုင်း ယာလာပြည်နယ် ရှိ သားငါးဈေးတစ်ခုတွင် ဇန်နဝါရီ ၂၂ရက်က အင်အားပြင်းထန်သည့် လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ လူ ၃ဦးသေဆုံးပြီး အခြားလူ ၁၈ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။