ပြုံယန်း၊ မတ် ၆ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်သည် တောင်ကိုရီးယားနိုင်ငံ သံတမန်နှင့် တွေ့ဆုံရာတွင် ထိပ်သီးအစည်းအဝေး တစ်ရပ် ကျင်းပရန် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ကျေနပ်လောက်သော သဘောတူညီမှု ရရှိခဲ့ကြောင်း Korean Central News Agency က မတ်လ ၆...
ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကျင်းပသည့် ဖူဆယ်အလွတ်တန်းပြိုင်ပွဲ MFF Futsal Open Cup 2018 အားယနေ့မနက် ၈း၃၀ နာရီက စတင်ဖွင့်လှစ်ခဲ့သည်။
ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့နယ် ထန်းချောင်းကျေးရွာအနီး အမ်း- မအီ ကားလမ်းမိုင်တိုင် (၅/၂)အနီး၌ မတ်လ ၄ရက်က ခရီးသည်တင်ယာဉ် တစ်စီး ချောက်ထဲပြုတ်ကျမှုကြောင့် ၄ဦးသေဆုံးပြီး ၃၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ မတ် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ကျင်းပဆဲ ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ ပထမအကြိမ်အစည်းအဝေးပွဲတွင် တရုတ်နိုင်ငံအနေဖြင့် အရည်အသွေးမြင့်မားသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စက်မှုလုပ်ငန်းများကို အဆင့်မြှင့်တင်ရန် နှင့် ပြောင်းလဲမှုများ ဖော်ဆောင်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း မတ်လ ၅ ရက်တွင် ပြောကြားလိုက်သည်။(Xinhua)