Connect with us

International Organizations

တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုတွင် အရေးကြီးသည့် ပင်မအထောက်အပံ့ဖြစ်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဆို

ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်အား တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ကုလသမဂ္ဂ ၊ ဧပြီ ၈ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဂူတာရက်စ်က ၂၀၁၈ ခုနှစ် အာရှဒေသ ဆိုင်ရာ ဘိုအော်ဖိုရမ်((Boao Forum for Asia)သို့ မသွားမီ ကုလသမဂ္ဂအခြေစိုက် တရုတ်နိုင်ငံမီဒီယာများမေးမြန်းမှုကို လက်ခံဖြေကြားခဲ့ရာတွင် တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲရေးတံခါးဖွင့်မူဝါဒ ကျင့်သုံးပြီး နှစ်ပေါင်း ၄၀ ကာလ တွင် အောင်မြင်မှုများစွာရရှိခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုတွင် တစ်စထက်တစ်စအရေးပါလာကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာလုံး ဆိုင်ရာ စီမံအုပ်ချုပ်မှုတွင် အရေးကြီးသည့် ပင်မအထောက်အပံ့တစ်ခုဖြစ်ကြောင်း ၊ ယခုနှစ်ကျင်းပ သော ၂၀၁၈ ခုနှစ် အာရှဒေသ ဆိုင်ရာ ဘိုအော်ဖိုရမ်((Boao Forum for Asia) ၏ “ပွင့်လင်းဆန်းသစ်သည့် အာရှမြေ၊ ဖွံ့ဖြိုးတိုးတက်စေ ကမ္ဘာမြေ” ဆောင်ပုဒ်နှင့်အညီ အာရှဒေသ၏ ဖွံ့ဖြိုးမှုအတွက်သာမက တစ်ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထားလုပ်ဆောင်နေသည်မှာ ထင်သာကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက ဖွံ့ဖြိုးဆဲနိုင်ငံချင်းပူးပေါင်းဆောင်ရွက်ရာတွင်ဖြစ်စေ၊ ကုလသမဂ္ဂ၏၂၀၃၀ ခုနှစ် ရေရှည် ဖွံ့ဖြိုးရေး ရည်မှန်းချက်ကို တွန်းအားပေးဆောင်ရွက်ရာတွင်ဖြစ်စေ တရုတ်နိုင်ငံသည် အရေးပါသည့် အခန်း ကဏ္ဍမှပါဝင်ကြောင်း၊ “ခေတ်သစ်ပိုးလမ်းမကြီး”စီမံကိန်းမှာ ဖွံဖြိုးဆဲနိုင်ငံများအတွက်သာမက တစ်ကမ္ဘာလုံး၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးကြီးကြောင်း၊ ဤစီမံကိန်းကြီး၏ အကျိုးအမြတ်ခံနိုင်ငံများကလည်း စီးပွားရေးလုပ်ငန်းစဉ်များကို သင့်မြတ်အောင် စီမံပြီး လူတန်းစားပေါင်းစုံ၏ အကျိုးအမြတ်ဖြစ်ထွန်းစေရန် ဆောင်ရွက်ကြဖို့မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒမှာ ကမ္ဘာ့စီးပွားရေးအခက်အခဲပြဿနာကို ဖြေရှင်းသည့်နည်းလမ်း မဟုတ်ကြောင်း ၊ တစ်ကမ္ဘာလုံး ဘက်ပေါင်းစုံ ကုန်သွယ်ရေးစနစ်ကို ထောက်ခံကြောင်း ၊ တစ်ကမ္ဘာလုံးဆိုင်ရာ အခက်အခဲပြဿနာများကို တစ်ကမ္ဘာလုံးဘက်ပေါင်းစုံဆက်သွယ်ဖြေရှင်းသည့်နည်းလမ်းလိုအပ်ကြောင်းလည်း ပြောခဲ့သည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလ ကုလသမဂ္ဂအစည်းအဝေးတွင် “ခေတ်သစ်ပိုးလမ်းမကြီး”အဆိုပြုချက်ကို ၎င်း၏ဆုံးဖြတ်ချက်၌် ပထမဆုံး ထည့်သွင်းရေးသားခဲ့ရာ အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံ၏ အားပေးထောက်ခံမှုကို ရရှိခဲ့ကြောင်း သိရှိရသည်။တရုတ်နိုင်ငံ၏ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ပုံကို ပြောကြားရာ တွင် မစ္စတာ ဂူတာရက်စ်က တရုတ်နိုင်ငံသည် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့လှုပ်ရှားမှုများတွင် ဒုတိယအကြီးဆုံးအင်အား စိုက်ထုတ်သည့် နိုင်ငံဖြစ်ကြောင်း၊ ယခုအခါ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တွင် တရုတ်တပ်ဖွဲ့ဝင် ၂၄၀၀ ခန့်ရှိပြီး ကမ္ဘာ့နိုင်ငံဆယ်နိုင်ငံကျော်တွင် တာဝန်ထမ်းဆောင်နေကြောင်း၊ ထိုသို့ ပါဝင်လှုပ်ရှားဆောင်ရွက်ခြင်းသည် တရုတ်နိုင်ငံ၏ နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းရေးလှုပ်ရှားမှုများတွင် အားတက်သရော ပါဝင်ခြင်းကို ဖော်ပြကြောင်း ၊ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးလှုပ်ရှားမှုများကို တိုးမြှင့် ထောက်ပံ့ကူညီပေးမည်ဟူသော တရုတ်နိုင်ငံခေါင်းဆောင်များပြောကြားထားသည့်အတိုင်း တရုတ်နိုင်ငံ ကလည်း ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုဆိုလျှင် အဖွဲ့ဝင် အယောက် ၈၀၀၀ ပါဝင် သည့် standby peacekeeping force ကိုလည်းဖွဲ့စည်းထားပြီး ကုလသမဂ္ဂတွင်လည်း နာမည်စာရင်းပေးသွင်း ထားပြီးဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းရေးလှုပ်ရှားမှုတွင် တိုက်ရိုက်ကူညီ ပါဝင်ရုံသာမက ကမ္ဘာငြိမ်းချမ်းရေးနှင့်လုံခြုံရေးပြဿာနာများနှင်စပ်လျဉ်း၍လည်း ထိရောက်သည့် အကြံဥဏ် ကောင်းများ ပေးလေ့ရှိကြောင်း မစ္စတာ ဂူတာရက်စ်က ပြောကြားခဲ့သည်။ (Xinhua)