Connect with us

Environment, Disasters & Accidents

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့အနီး အင်အား ရစ်(ခ်)တာစကေး ၄.၉ အဆင့်ရှိ မြေငလျင် လှုပ်ခတ်သွားခဲ့

စဥ့်ကူးမြို့ အနီး လှုပ်ခတ်သွားခဲ့သည့် မြေငလျင် တည်နေရာပြ မြေပုံ(ဓာတ်ပုံ- မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန)

ရန်ကုန် ၊ ဧပြီ ၉ ရက်(ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့အနီး အင်အား ရစ်(ခ်)တာစကေး ၄.၉ အဆင့်ရှိ အင်အား အနည်းငယ် ရှိသော မြေငလျင် လှုပ်ခတ်ခဲ့ပြီး အနီးတစ်ဝိုက်ရှိ မြို့များမှ သိရှိ ခံစားမိခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၊ မြေငလျင် ဌာနခွဲမှ သိရသည်။

အဆိုပါ မြေငလျင်သည် အနက် ၅ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သဖြင့် အနက်တိမ်ခြင်းကြောင့် သပိတ်ကျင်း ၊ မန္တလေး ၊ မိုးကုတ် မြို့များမှ သိရှိခံစားမိခဲ့ပြီး ထိခိုက်ပျက်စီးမှု သတင်း ရရှိခြင်း မရှိကြောင်း မြေငလျင် ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယနေ့ဧပြီ ၉ ရက် ၊ မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၁၀)မိနစ်၊ (၀၉)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်ဘက် မိုင် (၄၀) ခန့်ကွာဝေးသော စဉ့်ကူးမြိ့ု၏ အရှေ့မြောက်ဘက် (၆)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၂.၆၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၀၇ ဒီဂရီ၊ အနက်(၅)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)