Connect with us

Local

မြို့သာစက်မှုဥယျာဉ်မြို့တော်လုပ်ငန်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ခြောက်ခုဖြင့် ဆောင်ရွက်နေဟုဆို

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးရှိ မြို့သာစက်မှုဥယျာဉ်မြို့တော်လုပ်ငန်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ခြောက်ခုဖြင့် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

မြို့သာစက်မှုမြို့တော် စီမံကိန်း လုပ်ငန်းတွင်၂ဝ၁၆ခုနှစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက် ဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ခြောက်ခုဖြင့် မြေဧက ၁၁,၄ဝ၄ ပေါ်တွင် အကောင်အထည်ဖော်ဆောင် ရွက်လျက် ရှိပြီး နိုင်ငံတကာအဆင့်မီ ဂေါက်ကွင်း တစ်ကွင်း၊ စက်ရုံများ၊ သိုလှောင်ရုံများ၊ ဘဏ်များ၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဈေးနှင့် လူနေအိမ်ရာ အဆောက်အအုံ များ ပါဝင်ဆောင်ရွက်နေကြောင်းနှင့် ထပ်မံ၍ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများကိုဖိတ်ခေါ်၍ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်၏ ခွင့်ပြုချက်အရ ရင်းနှီး မြှုပ်နှံမှုပမာဏ ငွေကျပ် ၃၁၃၅၇ သန်း (US$ ၈ ဒသမ ၃၈ သန်း အပါအဝင်)ဖြင့် ၂ဝ၁၉ ခုနှစ် မေလတွင် အပြီး တည်ဆောက်မည့် SNG Myanmar Limited မှ အထပ် ၁၆ ထပ်ပါ အဆင့် မြင့် ဈေးဝယ်စင်တာအား စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံတကာ အဆင့်မီရုံးခန်း တည်ဆောက်၍ ငှားရမ်း ခြင်းနှင့် ဆိုင်ခန်းများ ငှားရမ်းခြင်း ဝန်ဆောင်မှု လုပ်ငန်း များ တည်ဆောက် နေခြင်းအား လည်းကောင်း၊မြစ်ငယ်မြို့ ဒုဋ္ဌဝတီမြစ်ကမ်းဘေးရှိ ရင်းနှီးမြှုပ်နှံမှု ပမာဏ ငွေကျပ် ၃၃,၄၁၇ ဒသမ ၉ဝ သန်း (US$ ၃ ဒသမ ၉၉၆ သန်းအပါအဝင်) Resources Group Logistics Limited မှ BOT စနစ်ဖြင့် ကုန်းတွင်း ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်း (Smart Dry Port) တည်ဆောက်နေခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၃၆၉ သန်းဖြင့် ဆောင်ရွက်နေ သည့် KM Terminal and Logistics Limited မှ BOT စနစ်ဖြင့် ကုန်းတွင်း ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်း တည်ဆောက်နေခြင်း များအား ကြည့်ရှုစ စ်ဆေး၍ ကုန်စည်များ စနစ် တကျ ထိန်းသိမ်း သိုလှောင်နိုင်ရန် အတွက် လုံခြုံရေးစနစ်၊ လေဝင်လေထွက် စနစ်၊ ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း ပျော်ရွှင်စွာလုပ်ကိုင်နိုင်ရေး၊ ဝန်ထမ်း အိမ်ရာနှင့် ရုံးခန်းများ စနစ်တကျ ထည့် သွင်း တည်ဆောက်နိုင်ရေး ကိစ္စရပ်များ အား ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြာသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Europe & ASIA Beverages Co.,Ltd မှ နို့၊ ပဲနို့ရည် အမျိုးမျိုး၊ ရေသန့်နှင့် အချိုရည်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၏ တည်ဆောက် ရေး လုပ်ငန်းခွင်နှင့် ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် ၃၂ ,၃၈၈ ဒသမ ၉၅ သန်းဖြင့် ဆောင်ရွက်နေသည့် တောင်သမန်သစ္စာ ကုမ္ပဏီလီမိတက်မှ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် တောင်သမန်ကျေးလက် ခရီးသွားအပန်းဖြေ စခန်း (Resort) ဝန်ဆောင်မှုလုပ်ငန်း တည်ဆောက် နေခြင်းတို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသော မန္တလေးတိုင်းဒေသကြီး ငါန်းဇွန် မြို့နယ် မန္တလေးမြို့သာ စက်မှုဥယျာဉ် မြို့တော်ရှိ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၅ဝ သန်း ဖြင့် လုပ်ငန်းဆောင် ရွက်နေသော Japfa Comfeed Myanmar Pte.,Ltd နှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၅၉၉ သန်းဖြင့် လုပ်ငန်းဆောင် ရွက်နေ သည့် De Huse Myanmar Co.,Ltdတို့မှ တိရစ္ဆာန် အစာ ထုတ်လုပ်ခြင်းနှင့် ရောင်းဝယ် ဖြန့်ဖြူးခြင်းလုပ်ငန်းခွင်တို့ကို သွား ရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.