ရန်ကုန်၊ ဇွန်၂၆ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ခန်ဒတ်ဇ် ၊ အာဖဂန်နစ္စတန် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) အမေရိကန်မောင်းသူမဲ့ လေယာဉ် (drone) ၏ ညလုံးပေါက် တိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ခန်ဒတ်ဇ် ပြည်နယ်၌ တာလီဘန် စစ်သွေးကြွ ၁၆ ဦးသေဆုံးသွားကြောင်း ဇွန် ၂၆ ရက်တွင် ထုတ်ပြန်သည့် အာဖဂန်စစ်တပ်ကြေညာချက်တွင်...
ရန်ကုန်၊ ဇွန်၂၆ရက် (ဆင်ဟွာ) ကရင်ပြည်နယ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း (၂၉၅ )မှု ဖမ်းဆီးနိုင်ခဲ့ကြောင်း ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် ၂၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင်ရောင်း ဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားချက်အရသိရသည်။
ရန်ကုန်၊ ဇွန်၂၆ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့အထွက် ၇ မိုင်ခန့်အကွာ၊ ရေယားကျေးရွာနှင့် ရေယောင်း မကျေးရွာအကြား ပြည်ထောင်စုလမ်းမကြီး၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်များအား ရှောင်တခင်စစ်ဆေးစဉ် ကျပ်သိန်းပေါင်း လေးသောင်းခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ပေကျင်း ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ၏ အကောက်ခွန်ဌာနသည် ၂ဝ၁၄ ခုနှစ်မှစတင်ကာ မူးယစ်ဆေးဝါးမှောင်ခိုမှုမှတဆင့် မူးယစ်ဆေး ၁၅.၆ တန်ကို ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်အထွေထွေစီမံခန့်ခွဲရေး(GAC) ၏ ထုတ်ပြန်ချက်အရ သိရသည်။