Connect with us

Africa & Middle East

အီဂျစ် နိုင်ငံ ရှိ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တစ်ခု မီးလောင်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၃ ဦး သေဆုံး ခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိ

အီဂျစ် နိုင်ငံ Suez ပြည်နယ် Ain Sokhna မြို့ ရှိ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း မီးလောင်မှု ဖြစ်ပွား နေသည် ကိုမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ကိုင်ရို ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

အီဂျစ် နိုင်ငံ နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ မတ်လ ၃၁ ရက်နေ့ တွင် အီဂျစ် နိုင်ငံ အရှေ့ပိုင်း Suez ပြည်နယ် Ain Sokhna မြို့ ရှိ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တစ်ခု မီးလောင်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၃ ဦး သေဆုံး ခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။

Suez ပြည်နယ် လုံခြုံရေး ဌာန ၏ ထုတ်ပြန်ချက်အရ မတ်လ ၃၁ ရက်နေ့တွင် ကုန်တင်ကား တစ်စင်း က Ain Sokhna မြို့ အပန်းဖြေစခန်း တစ်ခု အနီးရှိ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ကို ဝင်တိုက်မိခဲ့ရာ မီးလောင်မှု ဖြစ်ပွား စေခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များအရ မီးလောင်မှု ဖြစ်ပွား ပြီးနောက်တွင် Suez ပြည်နယ် မီးသတ်ဌာန က မီးသတ်ကား များအား အခင်းဖြစ်ပွားရာ နေရာ ကို ချက်ချင်းစေလွှတ် ခဲ့ပြီး လောင်ကျွမ်းမှု ကို ထိန်းချုပ် ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ဒဏ်ရာရရှိသူများ အားလုံး ကို ဆေးရုံ သို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။Ain Sokhna မြို့ သည် Suez ပြည်နယ် မြောက်ပိုင်း ကမ်းရိုးတန်း တွင် တည်ရှိပြီး ခရီးသွား ဧည့်သည်များ လာရောက်လှည်ပတ်ကြသော အီဂျစ် နိုင်ငံ ၏ အပန်းဖြေ မြို့တစ်မြို့ ဖြစ်ကြောင်း သိရှိရသည်။(Xinhua)