Connect with us

Politics, Law & Military

ဗီယက်နမ် နိုင်ငံ သမ္မတ က တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး အား လက်ခံ တွေ့ ဆုံ

ဗီယက်နမ် နိုင်ငံ သမ္မတ Trần Đại Quang နှင့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့ ဧပြီ ၁ ရက်နေ့၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

ဟနွိုင်း ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ဗီယက်နမ် နိုင်ငံ သမ္မတ Trần Đại Quang က ဧပြီလ ၁ ရက်နေ့ တွင် ဟနွိုင်း မြို့၌ ဗီယက်နမ် နိုင်ငံ သို့ တရားဝင် ချစ်ကြည်လည်ပတ်ရေး ခရီးရောက် ရှိနေသည့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ အား လက်ခံတွေ့ဆုံ ခဲ့သည်။

တွေ့ဆုံ ဆွေးနွေးမှု အတွင်း ဝမ်ရိ က တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ ခေါင်းဆောင်များ အနေဖြင့် နှစ်ပါတီ နှင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန် အတွက် မဟာဗျူဟာ အရ ဆွေးနွေးမှုများ ကို ပြုလုပ် ခဲ့ပြီး အရေးပါသည့် နိုင်ငံရေး သဘောတူညီမှု များရရှိထား ကြောင်း ၊ တရုတ်-ဗီယက်နမ် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု သည်လည်း မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်နေသည့် အခြေအနေ တွင် တည်ရှိနေကြောင်း ၊ ယခင် နှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်ရေး ပမာဏ အနေဖြင့် အမေရိကန် ဒေါ်လာ ၁၀၀ ဘီလီယံ ကို ကျော်လွန်ခဲ့သဖြင့် နှစ်နိုင်ငံ ကောင်းမွန်သည့် ဆက်ဆံရေး တည်ရှိခြင်း နှင့် ကျယ်ပြန့်သည့် အနာဂတ် အလားအလာ တည်ရှိခြင်း ကို ပေါ်လွင်စေခဲ့ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ရရှိထားသည့် အခွင့်အလှမ်းများကို ဆုတ်ကိုင် ကာ နှစ်နိုင်ငံ ရိုးရာချစ်ကြည်ဆက်ဆံရေး ကို ပြန့်ပွားအောင် ဆောင်ရွက်ပြီး တရုတ်-ဗီယက်နမ် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး ကို အလားအလာသစ်များ ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အဖြေင့် ဗီယက်နမ် နိုင်ငံ နှင့် အတူတကွ ဆက်လက်၍ အဆင်မြင့် အရာရှိ အနီးကပ် ဆက်ဆံရေး ထားရှိပြီး မဟာဗျူဟာချိတ်ဆက်မှု ကို တိုးမြှင့်ကာ ကဏ္ဍစုံလက်တွေ့ ပူးပေါင်းဆောင်ရွက်မှု ကို တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၊ ပင်လယ်ရေကြောင်း ကိစ္စရပ်များကို လေးနက်သေချာစွာ ကိုင်တွယ်ဖြေရှင်းသွားပြီး အတူတကွ လုပ်ငန်ဆောင်ရွက်ရန် နည်းလမ်းကို ရှာဖွေကာ နိုင်ငံဘက်စုံ ပူးပေါင်းဆောင်ရွက်မှု အတွက် ကောင်းမွန်သည့် အခြေအနေ ကို အတူတကွ ဖန်တီး သွားလိုကြောင်း ပြောကြား ခဲ့သည်။

Trần Đại Quang က တရုတ် နိုင်ငံ အနေဖြင့် အစိုးရသစ် ဖွဲ့စည်းပြီးချိန်တွင် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး အား ဗီယက်နမ် တွင် ကျင်းပ သည့် မဟာ မဲခေါင် ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (GMS) ထိပ်သီး အစည်းအဝေး ကို တက်ရောက်စေခဲ့သည့် အတွက် တရုတ် နိုင်ငံ ၏ ဗီယက်နမ် အကြား ဆက်ဆံရေး ကို အလေးထားကြောင်း ကို သိရှိခဲ့ရကြောင်း ၊ လက်ရှိချိန်တွင် နှစ်ပါတီ နှင့် နှစ်နိုင်ငံ ဆက်ဆံရေး သည် တက်ကြွစွာ ဖွံ့ဖြိုးတိုးတက်နေပြီး ယခင် နှစ်တွင်လည်း တရုတ် နိုင်ငံ သမ္မတ က ဗီယက်နမ် နိုင်ငံ သို့ လာရောက် လည်ပတ်ခဲ့ကာ နှစ်နိုင်ငံ နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်မှု နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအား ပေး နိုင်ခဲ့ကြောင်း ၊ ဗီယက်နမ် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ထားရှိသည့် ရိုးရာ ချစ်ကြည် ဆက်ဆံရေး ကို လွန်စွာ အလေးထားပြီး နှစ်ပါတီ အကြား ပါတီအုပ်ချုပ်မှု နှင့် နိုင်ငံအုပ်ချုပ်မှု ဆိုင်ရာ အတွေ့အကြုံများ ကို ဖလှယ်သွားလိုကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု နှင့် “စီးပွားရေး စြင်္က ံနှစ်ခု နှင့် ရပ်ဝန်းတစ်ခု” အကြား ချိတ်ဆက်မှု ကို တိုးမြှင့်ဆောင်ရွက်သွားလိုပြီး ကုန်သွယ်ရေး နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ကို တွန်းအားပေး ဆောင်ရွက်ကာ ဗီယက်နမ်-တရုတ် ရိုးရာချစ်ကြည် ဆက်ဆံရေး မှ အောင်မြင်မှု အသီးအပွင့် များ ပိုမိုရရှိရန် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)