ဆိုးလ် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ) တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တော်နှင့် အခြားနိုင်ငံအတွင်းရှိ မြို့ပေါင်းများစွာ၌ ပြည်သူထောင်ပေါင်းများစွာက (ယခင်) သမ္မတအကြံပေးနှင့် အထူးလူယုံဖြစ်သူ၏ အကျင့်ပျက်ခြစားမှုနှင့်ပတ်သက်၍ သမ္မတပတ်ဂွန်ဟေးအား ရာထူးမှနှုတ်ထွက်ပေးရန် ဖယောင်းတိုင်မီးများထွန်းညှိကာ နိုဝင်ဘာလ ၅ ရက်ညပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောခရိုင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ခြင်းထိစပ်လျက်ရှိရာ လူနှင့် ပစ္စည်းအဝင်အထွက်များကို စနစ်တကျ စစ်ဆေးနိုင်ရေးအတွက် မောင်တောမြို့တွင် နယ်စပ်စစ်ဆေးရေးဂိတ် (Pass of Entry and Exit – POE) ထားရှိရန် ဆောင်ရွက်လျက်ရှိကြောင်း အကောက်ခွန်နှင့် လူဝင်မှုကြီးကြပ်ရေးဌာနထံမှ...
ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ပဲရစ် သဘောတူညီချက် အကျိုးသက်ရောက်မှုရှိခြင်းအတွက် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာ တစ်စောင်အား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံသို့ ပေးပို့ခဲ့ကြောင်း သိရသည်။
ရီဂါ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် လတ်ဗီးယားနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း လတ်ဗီးယား သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခဲ့ပြီး နယ်ပယ်များစွာ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များ ကတိပြုခဲ့ကြကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ပြည်တွင်း ဆေးဝါးဈေးကွက်အတွင်း အနောက်တိုင်းဆေးရောနှောထားသော တိုင်းရင်းဆေးနှစ်မျိုးကို သုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။ ကျန်းမာရေးဝန်ကြီးဌာန၌ မှတ်ပုံတင်ထားသော သူရိယ ပန်းနာရင်ကျပ်ပျောက်ဆေးနှင့် ပိ(စ်) ပွေးဆေးရည်နှစ်မျိုးထဲတွင် အနောက်တိုင်းဆေးများ ရောနှောထားသဖြင့် သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။