ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဖေဇီကျေးရွာအနီး တွင် ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၆ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) ကမ္ဘောဇဘဏ်မှ မိတ်ဆက်လိုက်သည့် ကာလရှည် အပ်ငွေစာရင်းများ၏ အတိုးနှုန်းသည် ဗဟိုဘဏ်မှ မူလသတ်မှတ်ထားသည့် ဘောင်အတွင်း ပြုလုပ်ခြင်းဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ အကြီးတန်းအကြံပေးဦးသန်းလွင်က ဆင်ဟွာ ကိုပြောသည်။
အာဖဂန်နစ္စတန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ၌ ဧပြီ ၂၈ ရက်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ အရပ်သား ၄ဦး အပါအဝင် အနည်းဆုံးလူ ၅ဦးသေဆုံးပြီး အရပ်သား ၇ဦး အပါအဝင် အခြားလူ ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ် ၌ ဧပြီ ၂၈ ရက် တွင် ရပ်ထားသော ကုန်တင်ယာဉ်တစ်စီးအား ခရီးသည်ယာဉ်တစ်စီးက ဝင်တိုက်မိရာ အနည်းဆုံး လူ ၉ဦးသေဆုံးပြီး အခြားလူ ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။