Connect with us

Social, Education & Health

တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် ဖွင့်လှစ်

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် Sun Chunlan က အမျိုးသားကျန်းမာရေးကော်မရှင် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကူးအပြောင်းမှ တစ်ခုဖြစ်သော အမျိုးသားကျန်းမာရေး ကော်မရှင်အား မတ်လ ၂၇ ရက်တွင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် Sun Chunlan က တက်ရောက်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားနေစဉ် Sun က ကျန်းမာရေးအဖွဲ့အစည်းများအား တရုတ်ပြည်သူများ အတွက် ဘဝတစ်သက်တာ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ပေးအပ်နိုင်ရေး အခိုင်အမာ လုပ်ဆောင်ကြရန် ပြောကြားခဲ့သည်။

“ဒီကော်မရှင်ကို တည်ထောင်ခြင်းဟာ နိုင်ငံ၏ ကျန်းမာရေးနဲ့ ဆက်စပ်လုပ်ငန်းတွေရဲ့ သဘောထား ပြောင်းလဲမှု တစ်ခုပါပဲ” ဟု Sun က ပြောကြားခဲ့ပြီး ကော်မရှင်အနေဖြင့် တရုတ်နိုင်ငံ ပြည်သူများ၏ အားလုံးလွှမ်းခြုံသော ကျန်းမာရေး အခြေအနေများ တိုးတက်မှုအား အလေးထားမည် ဖြစ်သည်။

ထို့ပြင် Sun က ကျန်းမာသော ဘဝနေထိုင်မှု ပုံစံများနှင့် ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး နက်ရှိုင်းစွာ ပိုမို အားထုတ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.