ကိုင်ရို ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) အီဂျစ် နိုင်ငံ တွင် ဧပြီလ ၂၉ ရက်နေ့ ၌ တည်ဆောက်ဆဲ မဟာအီဂျစ် ပြတိုက် အပြင်ပိုင်း ငြမ်းစင် မီးလောင်မှု ဖြစ်ပွား ခဲ့ရာ လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု မရှိ သေးကြောင်း သိရှိရသည်။
ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းပုံစံသစ်ကို နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နယူးဒေလီ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် မတူညီသောနေရာများ၌ မိုးကြိုးထိမှန်ကာ အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဧပြီလ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ကဘူးလ်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့အလယ်ပိုင်း ရှိ သံတမန်ရပ်ကွက်တစ်ခုတွင် ဧပြီ ၃၀ ရက် နံနက်ပိုင်းက ဗုံး၂လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသမီး တစ်ဦး အပါအဝင် အရပ်သား ၇ဦးထက်မနည်းသေဆုံးပြီး အခြားလူ ၂၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက...
ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုအား အာဆီယံမှ ကူညီဆောင်ရွက်ပေးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။