ရန်ကုန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့နယ်အသီးသီးမှ နေ့စဉ်ထွက်ရှိသည့် အမှိုက်တန်ချိန် ၂ဝဝဝ အတွက် အမှိုက်မှ လျှပ်စစ်ထုတ်လုပ်နိုင်မည့် မီးရှို့စက် တည်ဆောက်ရန် လိုအပ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနထံမှ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမှ ဟံသာဝတီ လေဆိပ်(ပဲခူး)အထိ ဖောက်လုပ်ရန် လျာထားသော အထပ်မြင့် အမြန်လမ်းမကြီးအား အမေရိကန်ဒေါ်လာ သန်း ၆၂ဝ ခန့် ကုန်ကျခံတည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
ဒိန်းမတ်၊ နိုဝင်ဘာ ၁ရက် (ဆင်ဟွာ) ဒိန်းမတ်နိုင်ငံ Jutland ကျွန်းဆွယ် တွင် အောက်တိုဘာ ၃၀ရက် က အသက် ၂၇နှစ်အရွယ် ဆီးရီးယား အမျိုးသမီးတစ်ဦး နှင့် ၎င်း၏ သမီး နှစ်ဦးအား ရေခဲသေတ္တာတစ်ခုအတွင်း သေဆုံးလျက်တွေ့ရှိခဲ့ရကြောင်း ရဲသတင်းရင်းမြစ်များကို ကိုးကား၍ ပြည်တွင်းမီဒီယာတစ်ခုက အောက်တိုဘာ၃၁ရက်တွင်ဖော်ပြခဲ့သည်။
မွန်တီဗီဒီယို ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) ဥရုဂွေးနိုင်ငံသမ္မတ Tabara Vazquez က ၂ဝ၃ဝ ပြည့်နှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် အောင်မြင်စွာကျင်းပနိုင်ရန် အာဂျင်တီးနားနိုင်ငံသမ္မတ Mauricio Macri နှင့်အတူ ပူးတွဲကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း အောက်တိုဘာလ ၃၁ ရက်တွင်ကြေညာခဲ့သည်။
ဆိုးလ် ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) တောင်ကိုးရီးယားနိုင်ငံ သမ္မတ ပက်ဂွန်ဟေး ၏ ကာလရှည် ယုံကြည်ကိုးစားခြင်းခံရသူ လူယုံ Choi Soon-sil အား နိုင်ငံ၏ အရေးအရာကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်မှုဖြစ် အရေးပေါ် ဥပဒေဖြင့် ဖမ်းဆီး စစ်ဆေးနေကြောင်း ပြည်တွင်း သတင်းမီဒီယာများက နိုဝင်ဘာ...