Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ပွဲ မတ် ၂၈ ရက်တွင် ကျင်းပမည်

ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း ပြည်ထောင်စု လွှတ်တော်သို့ရောက်ရှိလာစဉ်။ (ဆင်ဟွာ)

နေပြည်တော် ၊ မတ် ၂၆ ရက်(ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ပွဲအား မတ် ၂၈ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။

“ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး ပါဝင်တဲ့ နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ရေး အဖွဲ့က ဒုတိယ သမ္မတ ၃ ဦး အနက်မှ မိမိတို့ကြိုက်နှစ်သက်တဲ့ ပုဂ္ဂိုလ်ကို နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခြင်းကို ဆက်လက် ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ပွဲကို မတ်လ ၂၈ ရက် ၊ နံနက် ၁၀ နာရီ အချိန်တွင် ကျင်းပမယ် ဖြစ်ပါတယ်။”ဟု ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်။ (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်။ (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်။ (ဆင်ဟွာ)

ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့က ဒုတိယ သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခဲ့ သော တာမွေမဲဆန္ဒနယ်မှ ဦးဝင်းမြင့်သည် နိုင်ငံတော် သမ္မတ အတွက် သတ်မှတ် ထားသည့် အရည်အချင်း နှင့် ပြည့်စုံခြင်း ရှိ ၊ မရှိ စိစစ်ရေး အဖွဲ့၏ စိစစ် တွေ့ရှိချက် အရ နိုင်ငံတော် သမ္မတ အရည်အချင်းနှင့် ပြည့်စုံမှု ရှိကြောင်း အတည်ပြု ကြေညာခဲ့သည်။

လစ်လပ်လျက် ရှိသည့် နိုင်ငံတော် သမ္မတ ရာထူး နေရာ အတွက် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့က ဒုတိယ သမ္မတ အဖြစ် တာမွေမဲဆန္ဒနယ်မှ ဦးဝင်းမြင့် ကို မတ် ၂၃ ရက်တွင် ကျင်းပသော အစည်းအဝေးတွင် ရွေးချယ် တင်မြှောက်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.