Connect with us

Africa & Middle East

အီဂျစ် နိုင်ငံ ရဲတပ်ဖွဲ့ က အလက်ဇန်းဒါး ကားဗုံး ဖောက်ခွဲမှု တွင် ပါဝင် ခဲ့ကြောင်း သံသယ ရှိသူ အကြမ်းဖက်သမား ၆ ဦး ကို ပစ်ခတ်ရှင်းလင်း

အီဂျစ် နိုင်ငံ ရဲတပ်ဖွဲ့ဝင် များ လုံခြုံရေး ဆောင်ရွက်နေသည် ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

ကိုင်ရို ၊ မတ် ၂၆ ရက် (ဆင်ဟွာ)

အီဂျစ် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန က ရဲတပ်ဖွဲ့ အနေဖြင့် မြို့တော် ကိုင်ရို မြောက်ပိုင်း Beheira ပြည်နယ် တွင် အကြမ်းဖက် နှိမ်နင်းရေး ဆောင်ရွက်နေစဉ် အတွင်း အလက်ဇန်းဒါး ကားဗုံး ဖောက်ခွဲမှု တွင် ပါဝင် ခဲ့ကြောင်း သံသယ ရှိသူ အကြမ်းဖက်သမား ၆ ဦး ကို ပစ်ခတ်ရှင်းလင်း ခဲ့ကြောင်း မတ်လ ၂၅ ရက်နေ့၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

ထုတ်ပြန်ချက်တွင် ယင်း အကြမ်းဖက်သမား ၆ ဦး သည် မတ်လ ၂၄ ရက်နေ့၌ အီဂျစ် နိုင်ငံ ဒုတိယ မြို့တော် အလက်ဇန်းဒါး တွင် ဖြစ်ပွား ခဲ့သည့် ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှု တွင် ပါဝင် ခဲ့ကြောင်း သံသယ ရှိသူများ ဖြစ်ကြပြီး ယင်း ဗုံးခွဲ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး ခဲ့ပြီး အနည်းဆုံး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါဝင် ခဲ့သည်။

အီဂျစ် နိုင်ငံ တွင် ယခု ပြုလုပ်ခဲ့သည့် အကြမ်းဖက် နှိမ်နင်းရေး လုပ်ရှားမှု သည် ၂၀၁၈ ခုနှစ် အီဂျစ် နိုင်ငံ သမ္မတ ရွေးကောက်ပွဲ မကျင်းပြမီ ရှေ့တစ်ရက်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အစီအစဉ်များ အရ သမ္မတ ရွေးကောက်ပွဲအား မတ်လ ၂၆ ရက်နေ့ မှ ၂၈ ရက်နေ့ အထိ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ယခင် နှစ်မှ စတင်၍ အီဂျစ် နိုင်ငံ တွင် အကြမ်းဖက် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွား လာခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီလ တွင် ဖြစ်ပွား ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် လူပေါင်း အနည်းဆုံး ၄၅ ဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့ အီဂျစ် နိုင်ငံ အနောက်မြောက်ပိုင်း တွင် ဖြစ်ပွား ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြသည်။

ယခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ တွင် အီဂျစ် နိုင်ငံ စစ်ဘက်ဆိုင်ရာ က “ဆိုင်းနိုင်း ၂၀၁၈” ဟု အမည်ရှိ အကြီးစား အကြမ်းဖက် နှိမ်နင်းရေး စစ်ရေးဆောင်ရွက်မှု ကို စတင် ပြုလုပ်ခဲ့ပြီး လက်ရှိချိန်အထိ အကြမ်းဖက် သမားပေါင်း ၁၅၀ ကျော် ကို ရှင်းလင်း နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.