ပေကျင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု သည် တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ မတ် ၁၉ ရက်မှ ၂၂ ရက်အထိ တရားဝင်ခရီးစဉ် လာရောက်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ မတ် ၁၈ ရက်(ဆင်ဟွာ) နိုင်ငံ၏ အဆင့်အတန်းသည် သံတမန်များ အပေါ်တွင် များစွာ မူတည်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က မတ် ၁၇ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော နိုင်ငံခြားရေး ဝန်ကြီးဌာနနှစ်(၇၀) ပြည့်...
မေးလ်၊ မတ် ၁၈ ရက် (ဆင်ဟွာ) မော်ဒိုက်နိုင်ငံတွင် H1N1ရောဂါပိုး လျင်မြန်စွာပြန့်ပွားနေ၍ မော်လ်ဒိုက်နိုင်ငံသို့ မတ်လ ၁၈ ရက်တွင် စတင်သွားရောက်လည်ပတ်မည့် ဆော်ဒီဘုရင် ဆော်လ်မန်ဘင်အဗ္ဗဒူလာဇဇ် ၏ ခရီးအစီအစဉ်အား ခေတ္တရွှေ့ဆိုင်းထားခဲ့ကြောင်း မော်လ်ဒိုက်အစိုးရ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် မတ်လ ၁၇ ရက်က ဖော်ပြခဲ့သည်။
နေပြည်တော်၊ မတ်လ ၁၈ ရက် (ဆင်ဟွာ) ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနက ပုဂ္ဂလိက ဆေးရုံများတွင် သူနာပြုတက္ကသိုလ် သူနာပြုသင်တန်းကျောင်းများမှ စာချုပ်ဖောက်ဖျက်သော သင်တန်းသားများကို ခန့်ထားခြင်း မပြုရန် ဟူသည့် အကြောင်းကြား စာနှင့် ပတ်သက်၍ မတ်လ ၁၅ ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သော...
နေပြည်တော်၊ မတ်လ ၁၇ ရက် (ဆင်ဟွာ) ပြည်သူ့လွှတ်တော် ကိုယ်စားများသည် မိမိတို့မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒနှင့် မျှော်လင့်ချက်များကို ပြည့်ဝစေရန် တာဝန်ကျေပွန်စွာ ဆက်လက် ကြိုးပမ်းကြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်က ယနေ့ ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး အပြီးတွင် တိုက်တွန်းပြောကြားခဲ့သည်။