ဆိုးလ်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်များအကြား တိုက်ရိုက် ဆွေးနွေးနိုင်ရန် အရေးပေါ်ဖုန်းလိုင်းအား နှစ်နိုင်ငံလုံးက ဖွင့်လိုက်ကြောင်း တောင်ကိုရီးယားနိုင်ငံ အိမ်ပြာတော်က ဧပြီလ ၂၀ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန် ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ထမံသီအနီး အင်အားရစ်(ခ်)တာစကေး ၄.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခုသည် ယနေ့ဧပြီ ၂၀ ရက် နေ့လည်ပိုင်း အချိန်တွင် လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ဒမက်စကက်စ်၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) ဆီးရီးယားသမ္မတ Bashar al-Assadက ပြင်သစ်အစိုးရပေးအပ်သည့် Legion of Honour ဂုဏ်ပြုဆု တံဆိပ်အားပြန်လည် အပ်နှင်းခဲ့သည်ဟု ဆီးရီးယားသမ္မတအိမ်တော် ပြန်ကြားရေးရုံးက ဧပြီလ ၁၉ ရက်တွင် ထုတ်ပြန်ထားသည့်ကြေညာချက်ဖော်ပြထားသည်။
ဗီယင်နာ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) သြစတြီးယားနိုင်ငံ Salzburg မြို့ရှိ ဘူတာရုံကြီး၌ ဧပြီလ ၂၀ ရက်က ရထားတိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၅၄ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အရှေ့ပိုင်း ဆာခရို (Sa Kaeo) ပြည်နယ်တွင် ဧပြီလ ၁၉ ရက်ညပိုင်းက ပစ်ကပ်ကားတစ်စီး လမ်းဘေးမြောင်း အတွင်းသို့ တိမ်းမှောက်ခဲ့ရာ ထိုင်းနိုင်ငံသား ဆယ်ကျော်သက် ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း...