Connect with us

Science & Technology

ဘူးသီးတောင်-ရသေ့တောင် ဆက်သွယ်ထားသည့် စိုင်းဒင်တံတား အပါအဝင် တံတားလေးစင်း မတ်လကုန်တွင်ဖွင့်မည်

တံတားတည်ဆောက်နေသည့်မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောဒေသ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ် တို့ကို ဆက်သွယ်ထားသည့် စိုင်းဒင်ချောင်းပေါ်၌ တည်ဆောက်ထားသည့် စိုင်းဒင် တံတား၊ ရွာဟောင်းချောင်းပေါ်၌ တည်ဆောက်ထားသည့် ရွာဟောင်းတံတား၊ ငစံပေါ် တံတားနှင့် သောင်းဒရားချောင်းပေါ်၌ တည်ဆောက်ထားသည့် သောင်း ဒရားတံတား တို့ကို မတ် ၃၁ ရက်တွင် တစ်ပြိုင်တည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်-ရသေ့တောင် ကားလမ်းပေါ်မှာ တည်ဆောက်နေတဲ့ တံတား လေးစင်းရှိပါတယ်။ စိုင်းဒင်တံတားပေ ၆၀၀၊ ရွာဟောင်းချောင်း တံတားပေ ၂၈၀၊ ငစံပေါ်တံတားပေ ၂၁၀၊ သောင်းဒရားချောင်း တံတားပေ ၅၀၀ တို့ ဖြစ်ပါတယ်။

ရွာဟောင်းတံတားအမျိုးအစားက စတီးပိုက်နဲ့ဘေလီတံတားဖြစ်ပါတယ်။ ငစံပေါ် တံတား အမျိုးအစားက စတီးပိုက်နဲ့ဘေလီတံတား ဖြစ်ပါတယ်။ သောင်းဒရား ချောင်းတံတားအမျိုးအစားက steel plate Girder+ သံကူကွန် ကရစ်တံတား ဖြစ်ပါတယ်။

အဆိုပါ တံတားလေးစင်း ဖွင့်လှစ်ပြီးသည်နှင့်ဘူးသီးတောင်-ရသေ့တောင်-ပုဏ္ဍား ကျွန်း အထိ ကားလမ်းတစ်ဆက်တည်း သွားလာနိုင် မည်ဖြစ်ကြောင်း၊ ထိုမှ တစ်ဆင့် ပြည်ထောင်စုလမ်းမကြီးဖြစ်သည့် ရန်ကုန်-စစ်တွေ ကားလမ်းမကြီးနှင့် ချိတ်ဆက် နိုင်မည်ဖြစ်ကြောင်း၊ ယခင်က အဆိုပါလမ်းသည် လမ်းပန်းဆက်သွယ်ရေး အခက် အခဲကြောင့် ရေလမ်း ကိုသာ အဓိကထားသွားလာနေရကြောင်း၊ ယခုအခါ တွင် တံတားလေးစင်း ဖွင့်လှစ်ပြီးသည်နှင့် ရေလမ်းကြောင်းနှင့် ကုန်း လမ်းကြောင်း နှစ်ခုစလုံး ကို အသုံးပြုနိုင်မည် ဖြစ်သည့်အတွက် ဒေသခံများ သွားလာရေးနှင့် ကုန်စည် ဆင်းစီးမှုလုပ်ငန်းများ လွယ်ကူမြန်ဆန်စေ မည်ဖြစ်ကြောင်း သိရသည်။

မောင်တောဒေသအတွင်းရှိ မြို့ရွာများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ ချောမွေ့စေရန်နှင့် ပြည်သူများခရီးသွားလာမှုနှင့် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း များ လွယ်ကူလျှင်မြန်စေရန်အတွက် ဆောက်လုပ် ရေးဝန်ကြီး ဌာန အနေဖြင့် လမ်း တံတား များ တည်ဆောက်လျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တွင် ဘူးသီးတောင်မြို့ နယ်မှ ရသေ့တောင်မြို့နယ်အတွင်း တည်ဆောက်လျက်ရှိသော ပေ ၅၀ နှင့်အထက် တံတားလေးစင်းအား မတ်လ ကုန်တွင် တစ်ပြိုင်တည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.