ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) အရှေ့အာရှ နှင့် ပစိဖိတ်ဆိုင်ရာ ကမ္ဘာ့ဘဏ်ဒုဥက္ကဋ္ဌ အက်ဇဲလ် ဗန် ထရော့စင်းဘာ့ဂ်သည် မြန်မာနိုင်ငံ၏ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး စီးပွားရေး မူဝါဒများကို အဓိက ဆွေးနွေးခဲ့ကြောင်း ကမ္ဘာ့ဘဏ်မှ သတင်းထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်းရှိ ကျေးရွာတစ်ခု၌ လက်မထပ်ရသေးသည့် မိန်းမပျိုလေးများအား မိုဘိုင်းဖုန်း သုံးစွဲခွင့် တားမြစ်ထားကြောင်း ဟိန္ဒူစတန် တိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။
မနီလာ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဆူလ်တန် ကူဒါရက် ပြည်နယ် အစ်စပါရမ်ဇာမြို့ရှိ ပွဲတော်တစ်ခုတွင် ဖေဖော်ဝါရီ ၂၁ရက်နေ့ ညပိုင်းက လက်ပစ်ဗုံး တစ်လုံးပေါက်ကွဲမှုကြောင့် ၆နှစ်အရွယ် ယောကျာ်းလေးတစ်ဦး သေဆုံးပြီး အခြား ၃၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင်...
ကွမ်ကျိုး၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) တရားဝင် အထောက်အထားများမရှိဘဲ တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသည့် နိုင်ငံခြားသား ၄၉ ဦးအား တရုတ်ရဲများက ဖမ်းဆီးမိခဲ့ကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၂၁ ရက်က ပြောသည်။
နန်နင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိ ရဲတပ်ဖွဲ့များသည် မူးယစ်ဆေးဝါး ထုတ်လုပ်ရေး နှင့် ဖြန့်ချိရေး ဂိုဏ်းတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး သံသယရှိသူ ခြောက်ဦး နှင့် မူးယစ်ဆေးဝါး ၄၀ ကီလိုဂရမ် ကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။