ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ရေပူနှင့် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်းတွင် ဒီဇင်ဘာ ၂၈ ရက်နေ့က တရားမဝင်အထောက်အထား တင်ပြနိုင်ခြင်းမရှိဘဲ သယ်ဆောင်လာသော ကျပ် ၁၆သန်းကျော် တန်ဖိုးရှိ လျှပ်စစ်ပစ္စည်းနှင့် လူသုံးကုန် ပစ္စည်း များအား ဖမ်းဆီးအရေးယူထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျပ် ၁၀၀တန် အထူးထုတ် တံဆိပ်ခေါင်း သုံးမျိုးရောင်းချပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဘိုဂိုတာ၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ကိုလံဘီယာနိုင်ငံ မြောက်ပိုင်း ရှိ နိုက်ကလပ်တစ်ခုတွင် လူအုပ်ထဲသို့ လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းဖောက်ခွဲခဲ့သဖြင့် အနည်းဆုံးလူ ၃၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဒီဇင်ဘာ ၂၉ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန် ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယနေ့ ည ၁၀နာရီ ၄၉မိနစ်တွင် အင်အားရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ) ပုဂ္ဂလိက လုပ်ငန်းများရှိ အလုပ်သမားများအတွက် အခြေံခံ အခကြေးငွေအဖြစ် တစ်ရက် (အလုပ်ချိန် ရှစ်နာရီ)လျှင် ကျပ် ၄၈၀၀ သတ်မှတ်ရန် နေပြည်တော် အလုပ်သမား ဝန်ကြီးဌာနတွင် ယနေ့ နံနက် ပြုလုပ်သော “အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေး ဆိုင်ရာ အမျိုးသားကော်မတီ၏...