Connect with us

Politics, Law & Military

ကချင်ပြည်နယ်၌ သစ် ၁၅၅တန် ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

ကချင်ပြည်နယ်၌ ဖမ်းဆီးရမိသော သစ်များအားတွေ့ရစဉ် (ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေစဉ် သစ် ၁၅၅တန် ပိုင်ရှင်မဲ့ သိမ်းဆည်းရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မတ် ၁၁ ရက် နံနက်ပိုင်းတွင် ဘွန်တောင်ကျေးရွာ၏ အရှေ့မြောက်ဘက် ၄ မိုင်ခန့်အကွာ၌ တရားမဝင် အထပ်သား ထုတ်လုပ်သည့် စက်တစ်လုံး၊ သစ်အလွှာသား ၂ဝဝ ချပ်၊ စကားဝါ၊ ရေမနေသစ်လုံးဆိုဒ်စုံ ၄၆ဝ လုံး(ခန့်မှန်း ၉၅ တန်)အားလည်းကောင်း၊ ဘွန်တောင်ကျေးရွာ၏ မြောက်ဘက် ၆ မိုင်ခန့် အကွာ၌ စကားဝါ၊ ရေမနေသစ်လုံးဆိုဒ်စုံ ၄၃ဝ လုံး(ခန့်မှန်း ၆ဝ တန်)အားလည်းကောင်း ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိ တရားမဝင် သစ်များနှင့် အထပ်သား ထုတ်လုပ်သည့် စက်အား ဝိုင်းမော်မြို့နယ် သစ်တောဦးစီး ဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.