Connect with us

Africa & Middle East

နိုင်ဂျီးရီးယားအလယ်ပိုင်းတွင် တိုက်ခိုက်မှုကြောင့် လူ ၂၅ဦးသေဆုံးကြောင်း ရဲတပ်ဖွဲ့ အတည်ပြု

နိုင်ဂျီးရီးယားတွင် ယခင်က ဖြစ်ပွားခဲ့သော လူ့အသိုင်းအဝိုင်းများအကြား တိုက်ခိုက်မှုများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အဘူဂျာ၊ မတ် ၁၄ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ ရဲတပ်ဖွဲ့ က နိုင်ငံ အလယ်ပိုင်း Plateau ပြည်နယ် ရှိ Dundu အသိုင်းအဝိုင်းတွင် တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၂၅ဦးသေဆုံးခဲ့ကြောင်း မတ် ၁၃ရက်က အတည်ပြုပြောကြားခဲ့သည်။

Plateau ပြည်နယ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Terna Tyopev က တိုက်ခိုက်သူများသည် မတ် ၁၂ ရက် နှောင်းပိုင်းတွင် အဆိုပါ အသိုင်းအဝိုင်းအား ကျူးကျော်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထောက်များအားပြောကြားခဲ့သည်။

သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် လူ ၂ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များစွာ ဖျက်ဆီးခံခဲ့ရကြောင်း Tyopev ကပြောကြားခဲ့သည်။

တရားခံများအား ဖမ်းဆီးနိုင်ရန် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

Plateau ပြည်နယ် သည် နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း တွင်တည်ရှိပြီး အဆိုပါနေရာသည် အစ္စလာမ်ဘာသာဝင်များ ထိန်းချုပ်ထားသည့် မြောက်ပိုင်း နှင့် ခရစ်ယာန်အများစုနေထိုင်သည့် တောင်ပိုင်းတို့ ပေါင်းဆုံရာနေရာဖြစ်ကြောင်း သိရသည်။

၂၀၁၀ခုနှစ် မတ် ၇ရက်တွင် ဒေသခံ အစ္စလာမ်ဘာသာဝင်များ နှင့် ခရစ်ယာန်ဘာသာဝင် လူ့အသိုင်းအဝိုင်း မှ အဖွဲ့ဝင်များသည် ယခင်ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများအတွက် တစ်ဖက်နှင့် တစ်ဖက် လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.