Connect with us

Europe

နာမည်ကျော် ရူပဗေဒပညာရှင် စတီဗင်ဟော့ကင်း အသက် ၇၆ နှစ်တွင် ကွယ်လွန်

ရူပဗေဒပညာရှင် စတီဗင်ဟော့ကင်းအား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)

နာမည်ကျော် ရူပဗေဒပညာရှင် စတီဗင် ဟော့ကင်း (Stephen Hawking) သည် အသက် ၇၆ နှစ်အရွယ်တွင် ၎င်း၏ နေအိမ်၌ ကွယ်လွန်သွားကြောင်း မိသားစု၏ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက မတ်လ ၁၄ ရက်တွင် ပြောကြားလိုက်သည်။

ပါမောက္ခ စတီဗင် ဟော့ကင်းသည် ကိန်းဘရစ်ချ်မြို့ရှိ ၎င်း၏ နေအိမ်၌ပင် မတ်လ ၁၄ ရက်က အိပ်နေရင်းဖြင့် ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

စတီဗင် ဟော့ကင်းသည် ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်တွင် ဗြိတိန်နိုင်ငံ အော့စ်ဖို့မြို့၌ မွေးဖွားခဲ့ပြီး Cambridge တက္ကသိုလ်၏ ထင်ရှားသော ရူပဗေဒပညာရှင် တစ်ဦးဖြစ်သည်။ ၎င်းသည် ယခုခေတ်ကာလပိုင်း၏ အကျော်ကြားဆုံး ရူပဗေဒပညာရှင် တစ်ဦးဖြစ်ပြီး ၂၀ ရာစုနှစ်အတွင်း နိုင်ငံတကာ၌ ဂုဏ်သတင်းကြီးမားသူ တစ်ဦးလည်း ဖြစ်သည်။

၎င်းအား အိုင်းစတိုင်းနောက်ပိုင်း အထူးချွန်ဆုံးသော ရူပဗေဒပညာရှင်အဖြစ် သတ်မှတ်ခံရပြီး ၁၉၇၉ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ Lucasian Professor အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး ၎င်းမှာ ဗြိတိန်နိုင်ငံတွင် အမြင့်ဆုံးသော ပါမောက္ခရာထူးဖြစ်သည်။

စတီဗင် ဟော့ကင်း၏ အဓိက သုတေသနနယ်ပယ်မှာ စကြဝဠာဗေဒနှင့် တွင်းနက်ကြီး (Black Hole) ဖြစ်ပြီး နှိုင်းယှဉ်နိယာမ (General Relativity) ၏ ထူးခြားဆန်းပြားသော သတ်မှတ်ချက်နှင့် တွင်းနက်ကြီး ဧရိယာနှင့် ပတ်သက်၍ သတ်မှတ်ချက် အယူဝါဒများအား သက်သေပြနိုင်ခဲ့သည်။

၎င်းသည် အသက် ၂၁ နှစ်အရွယ်တွင် Lou Gehrig ရောဂါ စတင်ရရှိခဲ့ပြီး ယင်း ရောဂါကြောင့် တဖြည်းဖြည်း ခန္ဓာကိုယ် လှုပ်ရှားနိုင်ခြင်းမရှိတော့သလို စကားလည်း ပြောနိုင်ခြင်းမရှိတော့ဘဲ နောက်ဆုံးတွင် မျက်လုံးနှင့် လက်သုံးချောင်းသာ လှုပ်ရှားနိုင်တော့ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.