ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်) သည် လှည်းကူးမြို့နယ်ရှိဆေးဆိုင်များအား ရှောင်တခင်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီးမြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်မရှိသောဆေးဝါးများ(လိုင်းဆေးများ) ရောင်းချသော ဆေးဆိုင်များကို ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ခဲ့သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်းTamil Naduပြည်နယ် တွင် ယာဉ်မတော်တဆမှုကြောင့် အနည်းဆုံး လူ၉ဦးသေဆုံးပြီး အခြားလူ ၄ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၇ ရက်တွင်ပြောကြားခဲ့သည်။
နေပြည်တော်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) ကော်ဖီစိုက်ပျိုးရေး အောင်မြင်ခြင်းသည် တောင်သူများအတွက် ဘိန်းအစားထိုး လူမှုဘ၀ မြှင့်တင်ရေး နည်းလမ်းဖြစ်သည်ဟု နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်က ယနေ့ နံနက် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) ရုရှားရေတပ်နှင့် မြန်မာရေတပ်တို့ နှစ်နိုင်ငံရေတပ်များ၏ ရေကြောင်းလုံခြုံမှုများအပေါ် အတွေးအမြင်များအား အပြန်အလှန်ဆွေးနွေးကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) ၂၀၁၇ ခုနှစ်၊ နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အတွဲပေါင်း ၁၉၀ တွဲကို အခြေခံ ဈေး ယူရို (၄ ဒသမ ၀၉၈) သန်းဖြင့်လည်းကောင်း၊ ကျောက်စိမ်းအတွဲ ပေါင်း ၆၆၈၅ တွဲကို အခြေခံဈေးယူရို (၁၆၃...